လူမှုဝန်ထမ်းဦးစီးဌာန၊ မန်္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးရုံး၊ တိုင်းဒေသကြီးဦးစီးမှူးမှ (၁၄)နှစ်အောက်အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် ကလေးသူငယ်များအား အားပေးနှစ်သိမ့်ခြင်းများဆောင်ရွက်ခဲ့

၂၀၁၈ ခုနှစ်၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် အသက်(၁၄)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှုအောက်ရှိ လူငယ်သင်တန်းကျောင်းနှင့် အသိအမှတ်ပြုပရဟိတဂေဟာများမှ အမျိုးသားကလေးသူငယ်(၂၀)ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် (မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနအသင်း)အသင်းသားများကို မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ဝင်းမှ စိတ်ပိုင်းဆိုင်ရာမြှင့်တင်မှုပေးခြင်း၊ ပြိုင်ပွဲတွင်စည်းကမ်းရှိစွာ စနစ် တကျပါဝင်ယှဉ်ပြိုင်နိုင်ရေး အားပေးနှစ်သိမ့်ခြင်းများဆောင်ရွက်ခဲ့။

FacebookTwitter