မြန်မာအမျိုးသမီးများနေ့ အခမ်းအနား ကျင်းပပြုလုပ်ခြင်း

၂၀၁၈ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို မကွေးတိုင်းဒေသကြီးအမျိုးသမီးကော်မတီမှ ဦးဆောင်၍ (၃.၇.၂၀၁၈)ရက်နေ့၌ မကွေးမူလတန်းကြို ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးမှ အဖွင့်အမှာစကားနှင့်မြန်မာနိုင်ငံအမျိုးသမီးကော်မတီ ဖြစ်ပေါ်လာပုံအား ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး အတွင်း တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်အများဆုံးရရှိသည့် ထူးချွန်ကျောင်းသူ၊ ထူးချွန်အမျိုးသမီး ကြက်ခြေနီနှင့် အမျိုးသားအဆင့် အားကစားပြိုင်ပွဲအသီးသီးတွင် ရွှေတံဆိပ်ဆုရ ထူးချွန်အမျိုးသမီး(၁၃)ဦးအား ဆုများပေးအပ် ချီးမြှင့်ခဲ့ပါသည်။

မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ဇနီးများ၊ တိုင်းဒေသကြီးအမျိူးသမီးကော်မတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သူနာပြုများ၊ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများဖြင့် စုစုပေါင်း အင်အား(၁၅၀)ဦး တက်ရောက်ခဲ့ပါသည်။ 

FacebookTwitter