လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် Save the Children (UK) အဖွဲ့နှင့် Action Aid Myanmar အဖွဲ့တို့အကြားနားလည်မှုစာချွန်လွှာ(MoU)များ လက်မှတ်ရေးထိုးခြင်း

နေပြည်တော်၊ ဇူလိုင်လ ၉ ရက်

                        လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးသည် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ ကလေးအခွင့်အရေးများဆိုင်ရာစီမံအုပ်ချုပ်ခြင်း အစရှိသည့် ကလေးသူငယ်များ၏ အခွင့်အရေးများကို အခြေပြုလျက် မြန်မာနိုင်ငံအတွင်းရှိ ကလေးသူငယ်များ၏ ဘဝရပ်တည်ရှင်သန်မှု အရည်အသွေးများကို မြှင့်တင်ပေးရန်ဟူသော မြင့်မားသောဦးတည်ချက်ဖြင့် Save the Children (UK) အဖွဲ့နှင့်လည်းကောင်း၊ မသန်စွမ်းသူများနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်၊ လုပ်ငန်းစီမံချက်များအား အထောက်အကူပြုခြင်းဖြင့် အမျိုးသမီးများ၊ လူငယ်၊ ဆယ်ကျော်သက်များနှင့် ကလေးသူငယ်များအတွက် အခြေခံစွမ်းရည် တည်ထောင်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရန်အတွက်  Action Aid Myanmar အဖွဲ့နှင့်လည်းကောင်း (၉.၇.၂၀၁၈) ရက်နေ့၊ နေ့လည် (၁၃းဝဝ) နာရီအချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ရုံးချုပ်၌ နားလည်မှုစာချွန်လွှာ (MoU)များရေးထိုးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

                      အဆိုပါပွဲတွင် ညွှန်ကြားရေးမှူးချုပ်သည် Save the Children အဖွဲ့မှ Country Director ဖြစ်သူ Mr. Michael McGrath နှင့်လည်းကောင်း၊ Action Aid Myanmar အဖွဲ့၏ Country Director ဖြစ်သူ Mrs. Araddhya Mehtta နှင့်လည်းကောင်း နားလည်မှုစာချွန်လွှာ(MoU)များကို အသီးသီးလက်မှတ်ရေးထိုးခဲ့ကြပါသည်။

FacebookTwitter