ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UK Department for International Development (DFID) မှ Head of Office ဖြစ်သူ Dr. Gail Marzetti က လာရောက်တွေ့ဆုံ

နေပြည်တော်၊ ၁၇.၇.၂၀၁၈

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား UK Department for International Development (DFID) မှ Head of Office ဖြစ်သူ Dr. Gail Marzetti က နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ ယနေ့ ညနေပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။

          တွေ့ဆုံရာတွင် ၂၀၁၈ခုနှစ်၊ ဇူလိုင်လ(၂၄)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ဝန်ကြီးများအဆင့် မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့ညီလာခံတွင် ပြည်ထောင်စုဝန်ကြီး ပါဝင်တက်ရောက်မည့်ကိစ္စများ၊ အဆိုပါကမ္ဘာ့ညီလာခံတွင် မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများနှင့်စပ်လျဉ်း၍ ကတိကဝတ်ပြု မှုများကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ ဝန်ကြီးဌာနက ဆောင်ရွက် နေသော မသန်စွမ်းသူများဆိုင်ရာဥပဒေနှင့် နည်းဥပဒေ ထုတ်ပြန်ထားမှုများ၊ အဆိုပါဥပဒေအရ မသန်စွမ်းဆိုင်ရာအဖွဲ့အစည်းများမှ မသန်စွမ်း ကိုယ်စားလှယ်များကိုယ်တိုင် အဖွဲ့ဝင်အဖြစ် ပါဝင်သော မသန်စွမ်းသူများဆိုင်ရာ အမျိုးသားကော်မတီ ဖွဲ့စည်းတည်ထောင်ထားရှိမှု၊ (DFID)မှ မသန်စွမ်းသူများဆိုင်ရာမူဝါဒပိုင်းတွင် ဝန်ကြီးဌာနအား နည်းပညာပိုင်းဆိုင်ရာ ကူညီမည့်ကိစ္စ၊ (DFID)မှ ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အားလုံးအကျုံးဝင်ပညာရေးအတွက် အကူအညီ ပေးရန်ကိစ္စရပ်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ တတိယအစည်းဝေးတွင် လူမှုရေးကဏ္ဍ အခြေခံမူသဘောတူညီချက်(၇)ရပ်တွင် မသန်စွမ်းသူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များအပါအဝင် အမျိုးသမီးဆိုင်ရာ အခွင့်အရေးများအတွက် ဥပဒေများ၊ ပြဌာန်းပေးရန်ဟူ၍ သဘောတူညီချက်ရရှိမှု အခြေအနေနှင့် ဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး စသည်တို့ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter