လူမှူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား Centre for Humanitarian Dialogue(HD Centre)မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်၊ ဂျပန်နိုင်ငံ၊ အအိချိခရိုင်တွင် ခန့်အပ်ထားသည့် မြန်မာနိုင်ငံ၏ ဂုဏ်ထူးေ

၃၀-၇-၂၀၁၈ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား Centre for Humanitarian Dialogue(HD Centre) မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Adam Cooper၊ ဂျပန်နိုင်ငံ၊ အအိချိခရိုင်တွင် ခန့်အပ်ထားသည့် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ဖြစ်သူMr.ToshioNISHIMURA နှင့်  ရန်ကုန်မြို့၊ဂျပန်နိုင်ငံသံရုံးမှ သံအမတ်ကြီးဖြစ်သူ H.E. Mr. Ichiro MARUYAMA တို့ကအဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌သီးခြားစီလာရောက်တွေ့ဆုံခဲ့ကြပါသည်။

HD Centre မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Adam Cooperနှင့် တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအကောင်အထည်ဖော်ရေးကော်မတီမှ ဦးဆောင်၍အကြံပြုချက် (၈၀) ကျော်အား သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်နေမှုများ၊ HD Centre မှ အဆိုပြုထားသောကယ်ဆယ်ရေးစခန်းပိတ်သိမ်းပြီး ပြန်လည်နေရာချထားရေးတွင် လူမှုသဟဇာတဖြစ်စေရေးအတွက် ရခိုင်ပြည်နယ်အတွင်းစံပြမြို့နယ်တစ်ခုတည်ထောင်နိုင်ရေးကိစ္စ၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) မှ ဦးဆောင်၍ စင်ကာပူနိုင်ငံတွင် ကျင်းပသောမြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံမှ ကိုယ်စားလှယ်များပါဝင်သည့်ရခိုင်ပြည်နယ်ကိစ္စနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲများအားHD Centre မှ ပံ့ပိုးကူညီနေမှုများအားဆွေးနွေးခဲ့ပြီးHD Centre ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်အသစ်နှင့်လည်းမိတ်ဆက်ပေးခဲ့ပါသည်။

ဆက်လက်၍ဂျပန်နိုင်ငံ၊ အအိချိခရိုင်တွင် ခန့်အပ်ထားသည့်် မြန်မာနိုင်ငံ၏ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ဖြစ်သူMr.Toshio NISHIMURA နှင့် တွေ့ဆုံရာတွင် ကျောင်းနေအရွယ်ကလေးငယ်များပညာသင်ကြားရေးအတွက် Ms. Toshio NISHIMURA ၏ ဇနီးမှ ဂျပန်ယမ်းသိန်း (၃၀) လှူဒါန်းထားရှိမှု၊ ယခင်တွေ့ဆုံဆွေးနွေးမှုအရ မြန်မာနိုင်ငံတွင် ငလျင်ဖြစ်ပွားပြီးနောက် အဆောက်အဦများတွင် ပိတ်မိသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ဂျပန်နိုင်ငံနာဂိုရာမြို့ရှိမီးသတ်ဌာနတွင် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာသင်တန်းများပေးလိုမှု၊ ဝန်ကြီးဌာနမှ ကြိုးပမ်းဆောင်ရွက်နေသော Social Work Institute တည်ဆောက်ရေးတွင် ဂျပန်နိုင်ငံမှ ကူညီပံ့ပိုးပေးနိုင်ရေး၊ မူးယစ်ဆေး သုံးစွဲသူများ ပြန်လည်ထူထောင်ရေးပူးပေါင်းကူညီနိုင်ရေးကိစ္စများ၊ မသန်စွမ်းအားကစားသမားများအား ဂျပန်နိုင်ငံ၏ နည်းပညာ များထောက်ပံ့ကူညီနိုင်ရေးဆွေးနွေးခဲ့ပါသည်။

ထို့နောက်ရန်ကုန်မြို့၊ ဂျပန်နိုင်ငံသံရုံးမှ သံအမတ်ကြီးဖြစ်သူ H.E. Mr. Ichiro MARUYAMA နှင့် တွေ့ဆုံရာတွင် သံအမတ်ကြီး ကမြန်မာနိုင်ငံတွင်း ပြန်လည်ဝင်ရောက်မည့် နေရပ်စွန့်ခွာသူများအတွက် နိုင်ငံတကာစံနှုန်းများနှင့်အညီအိမ်ရာများဆောက်လုပ်နိုင်ရေးကိစ္စများ၊ ယာယီခိုလှုံရေးစခန်းများပိတ်သိမ်းနိုင်ရေးနိုင်ငံတော်အဆင့် မဟာဗျူဟာချမှတ်နိုင်ရေးအတွက် စတင် ဆောင်ရွက်နေသည့်ကိစ္စများ၊ UNHCR၊ UNDP နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့ လက်မှတ်ရေးထိုး ထားသောနားလည်မှုစာချွန်လွှာ အရလုပ်ငန်းများအကောင်အထည်ဖော်နိုင်ရေးကိစ္စများဆွေးနွေးပြီး မြန်မာနိုင်ငံအနေဖြင့် အပြုသဘောဆောင်သောပူးပေါင်းဆောင်ရွက်မှုများအား ကြိုဆိုပါကြောင်းပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

FacebookTwitter