လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင်‌့ဒေသများအတွက် အလှူငွေများပေးအပ်လှူဒါန်း

နေပြည်တော် ၊ ဇူလိုင်လ ၃၀ ရက်
    မြန်မာနိုင်ငံအတွင်းကြုံတွေ့နေရသောရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် ပြည်သူများကြုံတွေ့ ခံစားနေရသောကိစ္စရပ်များတွင် အသုံးပြုနိုင်ရန် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၏ တစ်ရက် တာနေ့တွက် စရိတ်ကို ယနေ့ နေ့လည်ပိုင်းတွင်နေပြည်တော်ရှိလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနသို့ လာရောက်ပေးအပ်လှူဒါန်းရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter