ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအားမြန်မာနိုင်ငံဆိုင်ရာ သြစတေးလျနိုင်ငံသံရုံးမှ သံအမတ်ကြီး H. E Mr. Nicholas Coppel ဦးဆောင်သောအဖွဲ့ ကလာရောက်တွေ့ဆုံ

နေပြည်တော်၊ ၃၁.၇.၂၀၁၈

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ သြစတေးလျနိုင်ငံသံရုံးမှ သံအမတ်ကြီး H. E Mr. Nicholas Coppel ဦးဆောင်သောအဖွဲ့ ကနေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် သြစတြေးလျနိုင်ငံမှ ရခိုင်ပြည်နယ်အတွက် အမေရိကန်ဒေါ်လာ သန်း(၇၀) လှူဒါန်းရန်ကိစ္စ၊ ရခိုင်ပြည်နယ်သို့သွားရောက်လေ့လာလိုသည့်ကိစ္စများ၊ UNHCR ၊ UNDP နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာနတို့လက်မှတ်ရေးထိုးထားသော နားလည်မှုစာချွန်လွှာအရ အကောင်အထည်ဖေါ်မည့်လုပ်ငန်းကိစ္စများ၊ မလိုအပ်သော အခြေအနေတွင်ယာယီခိုလှုံရေးစခန်းများပိတ်သိမ်းနိုင်ရေးအတွက် နိုင်ငံတော်အဆင့်မဟာဗျူဟာချမှတ်ရေးဆောင်ရွက်နေမှုများ၊ မြန်မာ-ထိုင်းနိုင်ငံနယ်စပ်ရှိ နေရပ်ရွေ့ပြောင်း သူများနိုင်ငံတွင်း အဆင်ပြေစွာပြန်လည်နေရာချနေထိုင်နိုင်ရေး၊ လူမှုဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းများ စနစ်တကျဆောင်ရွက်နေမှုများအား ဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

FacebookTwitter