လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်အား World Bank မှ လာရောက်တွေ့ဆုံ

နေပြည်တော်၊ ၂၈.၈.၂၀၁၈

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား World Bank မှ Infrastructure Specialist and Task Team Leader ဖြစ်သူ Ms.Henrike Brecht က နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် ၂၀၁၅ ခုနှစ်၊ ရေဘေးပြန်လည်ထူထောင်ရေးအတွက် ကမ္ဘာ့ဘဏ်၏ အရေးပေါ်တုံ့ပြန်ရေးယန္တရားရန်ပုံငွေ (Immediate Response Mechanism - IRM Fund)ဖြင့် ဆောင်ရွက်သည့် စီမံကိန်းအခြေအနေများနှင့် ၂၀၁၈ ခုနှစ်၊ ရေဘေးများအတွက် ကမ္ဘာ့ဘဏ် ချေးငွေပုံစံသစ် ဖြစ်သည့် ဘေးအန္တရာယ်ဖြစ်ပွားပြီးသည်နှင့် ငွေထုတ်သည့်နည်းလမ်း(Catastrophe Deferred Drawdown Option-Cat DDO)  အကြောင်းမိတ်ဆက်ရှင်းလင်းပြီး မြန်မာနိုင်ငံ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဖွံ့ဖြိုးရေးမူဝါဒများ အကောင်အထည်ဖေါ်ရာတွင် အဆိုပါ Cat DDO Project ဖြင့် ချေးငွေရယူပြီး ထောက်ပံ့ပေးနိုင်မှု အခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter