ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးလုပ်ငန်း ကော်မတီ၏ (၁/၂၀၁၈) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်၊ စက်တင်ဘာ(၃)ရက်                                                                          

            ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများ  ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီ၏ (၁/၂၀၁၈) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၃) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၌  ကျင်းပပါသည်။

           အစည်းအဝေးသို့ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးလုပ်ငန်း ကော်မတီ ဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပူးတွဲ-ဥက္ကဌ ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှု၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံနှင့်အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ အဖွဲ့ဝင်များ တက်ရောက်ကြ ပါသည်။ 

          အစည်းအဝေးတွင် ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများ  ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီ ဥက္ကဌက ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီအတွက် လုပ်ငန်း တာဝန်များကိုလည်း ချမှတ်ပေးထားပြီး ဖြစ်ကြောင်း၊ ပြန်လည်နေရာချထားရေးလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ  ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နေရာချရန် ကျေးရွာနေရာများ သတ်မှတ်ထားပြီး ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ဝင်ရောက် ပြီးပါက လုပ်ငန်းအစီအစဉ်များအတိုင်း ဆောင်ရွက်ပြီး ကျေးရွာများကို ကျေးရွာအင်္ဂါရပ်နှင့် အညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးပိုင်း အခြေအနေများအတွက် လိုအပ် သည်များကို ဆွေးနွေးတင်ပြစေလိုကြောင်း၊ နေအိမ်များ ပြန်လည်ဆောက်လုပ်ရာတွင် လုပ်ငန်း တာဝန်များအတိုင်း UN-Habitat မှ အကြံပြုချက်များကို အခြေခံ၍ ဆောက်လုပ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားကာ လုပ်ငန်းကော်မတီပူးတွဲဥက္ကဋ္ဌပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံကလည်း လုပ်ငန်းတာဝန်တစ်ခုချင်းအလိုက် ဆောင်ရွက်ရမည့်အပိုင်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် လုပ်ငန်းကော်မတီဝင်များက ၎င်းတို့ဆောင်ရွက် နေရသည့် ကဏ္ဍအသီးသီးနှင့်ပတ်သက်၍ ဆောင်ရွက်ပြီး/ဆောင်ရွက်ဆဲ အခြေအနေများ၊ သီးခြားလိုအပ်ချက်များ၊အကြံပြုချက်များဝိုင်းဝန်းဆွေးနွေးကြပြီး အစည်းအဝေးအား (၁၃း၁၅) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

FacebookTwitter