"အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ " အခမ်းအနားကျင်းပခြင်းနှင့် အိမ်တိုင်ရာရောက် ကန်တော့ပစ္စည်းများ သွားရောက်ပေးအပ်ခြင်း

ကယားပြည်နယ်၊ ၁၀.၃.၂၀၁၈

 ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင်  "အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ " အခမ်းအနားကိုလွိုင်ကော်မြို့၊ မြို့တော်ခန်းမ၌  ကျင်းပပြုလုပ်ရာ လွိုင်ကော်မြို့ပေါ် ရပ်ကွက်(၁၉)ရပ်ကွက်တို့ရှိအသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား(၂၂၀)ဦးတို့အနက်မှ (၈၅)ဦးတက် ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်  ဦးအယ်လ်ဖောင်းရှိုမှ ဂုဏ်ပြုအဖွင့်အမှာစကားပြောကြားပြီးနောက် အဘိုးအဘွားများအား ကယားပြည်နယ်အစိုးရအဖွဲ့မှ ဘိုးဘွား (၁)ဦးလျှင် (၂ဝဝဝဝိ/-)နှုန်းဖြင့် ငွေကျပ်(၄၆၄၂ဝဝဝိ/-)သိန်း၊ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မျက်နှာသုတ်ပုဝါနှင့် ပဲနို့အချိုရည် စုစုပေါင်းတန်ဖိုးငွေကျပ် (၃ဝဝဝဝဝိ/-) နှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအသီးသီးမှ ငွေကျပ်(၁၂၁၈၅ဝဝိ/-)စုစုပေါင်း (၆၁၆၀၅ဝဝိ/-) လှူဒါန်းခဲ့ပါသည်။

တက်ရောက်လာသောဘိုးဘွားများအားပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ဝန်ထမ်းများမှ ကြိုဆိုနေရာချပေးခြင်းများပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ကန်တော့ခဲ့ပြီးနောက် အဘိုးအဘွားများကိုယ်စား အဘိုး(၁)ဦးမှ ဆုပေးစကားချီးမြင့်ခဲ့ပါသည်။

ဘိုးဘွားများအား ကန်တော့ကြပြီးနောက် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တက်ရောက်လာသော အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခဲ့ပါသည်။

"အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့" အခမ်းအနားသို့ မတက်ရောက်နိုင်သော အဘိုးအဘွား (၁၃၅)ဦးတို့အား အိမ်တိုင်ရာရောက် ကန်တော့ပစ္စည်းများ သွားရောက်ပေးအပ် ကန်တော့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter