မိုင်းအန္တရာယ်အသိပညာပေး သင်္ကေတများ ပြန်လည်ဆန်းစစ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

နေပြည်တော်၊ ၃.၁၀.၂၀၁၈

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန သည် UNICEF, Mines Advisory Group (MAG) တို့နှင့်ပူးပေါင်း၍ မိုင်းအန္တရာယ် အသိပညာပေး သင်္ကေတများ ပြန်လည်ဆန်းစစ်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲကို (၃.၁၀.၂၀၁၈) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။ အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲ သို့ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ UNICEF နှင့် မိုင်းအန္တရာယ်အသိပညာပေးရေး လုပ်ငန်း ဆောင်ရွက်နေသည့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး၊ မိုင်းဒဏ်ကြောင့် ပြည်သူလူထုထိခိုက်ဒဏ်ရာရရှိမှုနှင့် အသက်ဆုံးရှုံးရခြင်း များဖြစ်ပွားမှု လျော့နည်းပပျောက်ရေးတို့ကို ဦးတည်၍ မိုင်းအန္တရာယ်အသိပညာပေး သင်္ကေတ များ ပြန်လည်ဆန်းစစ်ခြင်း၊ ပိုမိုကောင်းမွန်စေသည့် အကြံဉာဏ်များတင်ပြ ဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ် များချမှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ 

FacebookTwitter