Research and Development Center ဒသမအကြိမ်မြောက် စာတမ်းဖတ်ပွဲအခမ်းအနား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်

နေပြည်တော်၊ ၁၀.၁၀.၂၀၁၈

          ဝန်ကြီးဌာန၏ Research and Development Center က ဦးဆောင်၍ မြန်မာနိုင်ငံတွင် မြေငလျင်၊ မြေပြိုမှု၊ ရေဘေးအန္တရာယ်ဆန်းစစ်လေ့လာချက်များနှင့် ပတ်သက်သည့် ဒသမ အကြိမ်မြောက် စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ ရေးဆွဲထားသော မူဝါဒများဖြစ်သည့် အခြေခံ လူ့အခွင်‌့အရေး၊ ဒီမိုကရေစီစံနှုန်းများနှင်‌့ ညီညွတ်သော လူ့ဂုဏ်သိက္ခာ အပြည်‌့အ၀ ရရှိနိုင်မည်‌့   လူမှုအသိုက်အဝန်းတစ်ရပ် ပေါ်ပေါက်လာစေရန်အတွက် ဦးစီးဌာနအသီးသီးက ဆောင်ရွက်နေ ပါကြောင်း၊ ထိရောက်သော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း အစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်းဖြင်‌့ ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း ရှိသော လူမှုအသိုက်အဝန်း ဖြစ်ပေါ်စေရေးနှင်‌့ ဘေးဒဏ်ခံစားရသော ပြည်သူများအတွက် ပိုမိုကောင်းမွန်သည်‌့ လူနေမှုဘဝ ရရှိစေရေး ဆောင်ရွက်နေပါကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အထားအ‌ြခေပြု သုတေသန ရလဒ်များဖြင့် စီမံကိန်းများ၊ ရေတို/ရေရှည်စီမံချက်များ ရေးဆွဲရာတွင် အထောက်အကူပြုနိုင်ရေးအတွက် သုတေသနလုပ်ငန်း ဆောင်ရွက်ခြင်းနှင်‌့  ဖွံ့ဖြိုးတိုးတက်ရေးဌာန (Research and Development Center) ဖွင့်လှစ်ခဲ့ပြီး သုတေသနများ၊ စာတမ်းဖတ်ပွဲများ ပြုလုပ်လျက် ရှိပါကြောင်းနှင့် ကောင်းမွန်သည့် သုတေသနများ ရရှိရေးအတွက်လည်း Protocol and Ethical Board အဖွဲ့ကို ဖွဲ့စည်း၍ ထိရောက်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ ဖတ်ကြားမည့် စာတမ်းများသည် မြန်မာနိုင်ငံ၌ အများဆုံး ဖြစ်ပွားသော ရေကြီးရေလျှံခြင်း၊ မြေပြိုကမ်းပြိုခြင်းနှင့် ထိခိုက်ဆုံးရှုံးမှု များနိုင်သည့် မမျှော်မှန်းနိုင်သော ငလျင်ဘေး စသည်တို့နှင့် ပတ်သက်သောကြောင့် ပြည်သူများအတွက် လက်တွေ့ အသုံးကျမည်ဖြစ်ကြောင်း၊ ယနေ့ လူငယ်ကဏ္ဍတွင် သုတေသန ယဉ်ကျေးမှုထွန်းကားရေး ‌ဆောင်ရွက်လျက်ရှိကြောင်း၊ သုတေသန ရလာဒ်များကိုလည်း ပြည်သူ့အကျိုးပြု လုပ်ငန်းစဉ်များ ရေးဆွဲရာတွင် လက်တွေ့ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ စာတမ်းဖတ်ပွဲတွင် ဖတ်ကြားမည့် စာတမ်းရှင်များကိုလည်း ကျေးဇူးတင်ရှိကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

          အစီအစဉ်အရ စာတမ်းများ ဖတ်ကြားဆောင်ရွက်ကြရာ ရန်ကုန်တက္ကသိုလ်မှ ဒေါ်အိမှုံနံ့သာမျိုး က  “ချောက်ငလျင်၏ ဘေးထွက်ဆိုးကျိုးများ”၊ ရန်ကုန်တက္ကသိုလ်မှ ဒေါ်လဲ့လဲ့မိုး က “တောင်ငူ-လွိုင်ကော်လမ်း မြေပြိုနိုင်မှုဖြစ်နိုင်ခြေဆန်းစစ်မှု”၊ ပုသိမ် တက္ကသိုလ်မှ ဦးကောင်းစည်သူ က  “စစ်ကိုင်းငလျင်ဆိုင်ရာ ပထဝီသုတေသန”၊ ပုသိမ် တက္ကသိုလ်မှ ဦးဟိန်းမင်းထက် က “သာပေါင်းမြို့နယ်၏ ရေကြီးမှုအန္တရာယ်ဆန်းစစ်မှု” စာတမ်းများအား အသီးသီး ဖတ်ကြားခဲ့ကြရာ တက်ရောက် လာကြသော ဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter