ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ကျဆုံးသွားသော ရဲတပ်ဖွဲ့ဝင်(၁၃)ဦးအတွက် အလှူငွေ များ လွှဲပြောင်းပေးအပ်

နေပြည်တော်၊ ဇန်နဝါရီ ၁၅

          ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ကျဆုံးသွားသည့် ရဲတပ်ဖွဲ့ဝင် (၁၃)ဦး အတွက် လှူဒါန်းငွေ ကျပ်သိန်း(၁၃၀)အား House of Orchid အဖွဲ့က လာရောက် လှူဒါန်းရာ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သက်ဆိုင်ရာ မိသားစုဝင်များ ထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

          ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ကျဆုံးသွားသည့် ရဲတပ်ဖွဲ့ဝင် (၁၃)ဦး အတွက် လှူဒါန်းငွေ ကျပ်သိန်း(၁၃၀)ကို House of Orchid အဖွဲ့က ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဝန်ကြီးရုံးသို့ လာရောက်လှူဒါန်းခဲ့ရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါ သည်။ အဆိုပါလှူဒါန်းငွေများကို ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် မောင်တောမြို့နယ်၊ လှဖိုးခေါင်စခန်း၌ ပြန်လည်လွှဲပြောင်းပေးအပ်ရာ ကျဆုံးသွားသည့် ရဲတပ်ဖွဲ့ဝင် (၁၃)ဦး၏ မိသားစုဝင်များကိုယ်စားအမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူး၊ ရဲမှူးကြီးစိုးမြင့်ဦး က လက်ခံရယူ ခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter