မြန်မာနိုင်ငံကလေးများနေ့” အထိမ်းအမှတ် အကြိုလှုပ်ရှားမှုများဆောင်ရွက်ခြင်း

နေပြည်တော်၊ ဖေဖော်ဝါရီ (၄)ရက်
    ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ကျရောက်မည့် အမျိုးသားခေါင်းဆောင်ကြီး၊ ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်သော “မြန်မာနိုင်ငံကလေးများနေ့” ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရင်သွေးရတနာ မူလတန်းကြိုကျောင်း၊ တော်ဝင်ရတနာမူလတန်းကြိုကျောင်း၊ နန်းထိုက်ရတနာ မူလတန်းကြိုကျောင်းနှင့် သီရိရတနာမူလတန်းကြိုကျောင်းတို့မှ ရင်သွေးငယ်လေးများ စုပေါင်း၍ အမှိုက်ကောက်ခြင်းနှင့် အမှိုက်ကို စနစ်တကျစွန့်ပစ်ခြင်းများကို တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ကြပါသည်။
    လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်ကျော်မိုးက ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ကလေးငယ်များအနေဖြင့် ငယ်စဉ်ကတည်းမှစတင်၍ အမှိုက်ကို စနစ်တကျစွန့်ပစ်တတ်သည့် အလေ့အကျင့်များ ဖြစ်ပေါ်လာစေရန်နှင့် သဘာ၀ ပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးတတ်သည့် စိတ်ဓာတ်ကောင်းများဖြစ်ပေါ်လာ စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံကလေးများနေ့ကို အကြိုဂုဏ်ပြုလှုပ်ရှားမှုအဖြစ် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

 

FacebookTwitter