ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် ကနဦး အစီရင်ခံစာ ရေးသားရေး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ မတ်လ(၁၈)ရက် -

    ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် ကနဦး အစီရင်ခံစာ (Initial Report) တင်သွင်းနိုင်ရေး ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့  နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါကြောင်း။

    ဆက်လက်၍ လူမှုဝန်ထမ်း ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်မှ မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ သဘောတူစာချုပ် (UN CRPD) အကြောင်းကို အကျဉ်းချုပ် ရှင်းလင်းတင်ပြပြီး သက်ဆိုင်ရာ ဝန်ကြီး ဌာနအလိုက် တာဝန်ယူ ရေးသားရမည့် အခန်းများတင်ပြခြင်း၊ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပမည့်ရက် သတ်မှတ်ခြင်းများကို ရှင်းလင်းတင်ပြရာ သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် အသီးသီး တင်ပြဆွေးနွေးကြကြောင်း။

    အဆိုပါ အစည်းအဝေးသို့ လူမှုဝန်ထမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူများ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများ၊ ကျန်းမာရေးစီမံကိန်း ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ဟိုတယ်နှင့်ခရီး သွားလာရေးလုပ်ငန်း၊ စီမံကိန်း ရေးဆွဲရေး ဦးစီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာန (အထက်/အောက်)မှ တာဝန်ရှိ သူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter