လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၅ -

         လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်အား စက်တင်ဘာ၂ရက် မွန်းလွဲ ၁ နာရီက ကမ္ဘာ့ဘဏ် လူမှုကာကွယ် စောင့်ရှောက်ရေးအဖွဲ့မှ ခေါင်းဆောင် ဖြစ်သူ Ms.Puja Vesudeva Dutta ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အဆိုပါ ဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံသည်။ ယင်းသို့ တွေ့ဆုံရာ၌ လူမှုကာကွယ်စောင့်ရှောက်ရေး မူဝါဒရေးဆွဲရေး အတွက် ဝန်ကြီးဌာနမှ ဦးဆောင်၍ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အစိုးရမဟုတ် သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်မှုများ၊ ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာမိတ်ဖက်ဆောင်ရွက်မှုအစီအစဉ်မှ ဦးစားပေး နယ်ပယ်များ၊ ကမ္ဘာ့ဘဏ်၏ Social Protection Team မှ ဝန်ကြီးဌာန၏ လူမှုကာကွယ်စောင့် ရှောက်ရေး မူဝါဒရေးဆွဲရေးလုပ်ငန်းစဉ်တွင် နည်းပညာအကူအညီပေးရေး ကိစ္စရပ် များနှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဘုန်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

FacebookTwitter