အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်းစာနာမှုအကူအညီများ ပူးပေါင်းဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ စက်တင်ဘာ ၁၃ -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်သည် စက်တင်ဘာ ၁၁ရက် နံနက် ၁၀နာရီက UN Women မှ Senior Advisior Gender Dr.Jean DCunha ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးရုံး၊ မေခလာခန်းမ၌ တွေ့ဆုံပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ၏ အခန်းကဏ္ဍများ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း ၂၀၁၃-၂၀၂၂အား အကောင်အထည်ဖော် ဆောင်ရွက်နေ သည့်အခြေအနေများ၊ UN Women နှင့် World Food Program တို့ပူးပေါင်း၍ ကျား/မ တန်းတူညီမျှရေးဆိုင်ရာ အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

      ဆက်လက်၍ နံနက် ၁၁နာရီတွင် နယူးယောက်မြို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက် ရေးရုံး(UNOCHA)မှ ညွှန်ကြားရေးမှူး Mr. John Ging ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံပြီး (UNHCO)အဖွဲ့နှင့် ဝန်ကြီးဌာနတို့အကြား သဘောတူညီမှုစာလွှာ လက်မှတ်ရေးထိုး၍ ထိရောက် လျင်မြန်စွာ ဆောင်ရွက်ပေးနေမှု၊ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဆိုင် ဥပဒေထုတ်ပြန်ထားရှိမှုနှင့် နည်းဥပဒေရေးဆွဲနေမှု၊ ကချင်ပြည်နယ်ရှိ သွားရောက်ရန်ခက်ခဲသော ကယ်ဆယ်ရေးစခန်းများသို့ ကုလသမဂ္ဂဦးဆောင်သည့် လူသားချင်း စာနာကူညီမှုအဖွဲ့များ ယခင်ကထက်ပိုမိုသွားရောက်ကူညီနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးမှုများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

FacebookTwitter