ကယားပြည်နယ်တွင် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ ဇန်နဝါရီ ၁၉ -

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုကာကွယ ်စောင့်ရှောက်ရေး ဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများ လိုက်ပါလျှက် ဇန်နဝါရီလ(၁၈)ရက်နေ့တွင် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၊ မူကြိုကျောင်း တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပါသည်။

       ထို့နောက် ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့  ရောက်ရှိပြီး ကယားပြည်နယ် အစိုးရ၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ ဦးတော့ရယ် လိုက်ပါလျက် ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးသူများ စောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော ပြည်နယ် အဆင့် လူမှု ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ကြည့်ရှု အားပေးပါသည်။

       ၎င်းနောက် မူကြိုကျောင်း၌ အရာထမ်း၊ အမှုထမ်း များအား လမ်းညွှန်အမှာ စကားပြောကြားပြီး ပြည်နယ် ကယ်ဆယ်ရေး ဂိုဒေါင်အား ကြည့်ရှုစစ်ဆေးပါသည်။ ဆက်လက်၍ (၆၃)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့ သွားရောက်ကာ ဌာနဆိုင်ရာများမှ ခင်းကျင်း ပြသ ထားမှုများအား ကြည့်ရှုအားပေးပါသည်။

       ထို့နောက် ပန်ကန်းကျေးရွာသို့ ကွင်းဆင်းပြီးဖာဆောင်း  မြို့နယ်၊ ခဲမဖြူကျေးရွာမှာ နေထိုင်သော အသက်(၁၀၂)နှစ်ရှိ အဘိုးဦးစောကဇူထံသို့ သွားရောက်ကာ  နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် လက်မှတ်ရေးထိုးထားသော ဂုဏ်ပြုလွှာနှင့် နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတများ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဒုတိယ ဝန်ကြီးများ၏ ချီးမြှင့်ငွေ(၂၅) ရာခိုင်နှုန်းမှ ထောက်ပံ့ငွေ (၂)သိန်းကျပ်အား နိုင်ငံတော် ကိုယ်စား ပေးအပ်ကာ အဘိုးနှင့် မိသားစုဝင်များအား ဂုဏ်ယူဝမ်းမြောက် ပါကြောင်း ပြောကြားပါသည်။

       ဇန်နဝါရီလ(၁၈)ရက်နေ့တွင် လွိုင်ကော်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသော ကယားပြည်နယ် အတွင်းရှိ အသက်(၁၀၀)နှစ်နှင့် အထက် သက်ကြီးဝါကြီးများကို ဂုဏ်ပြုလွှာနှင့် ထောက်ပံ့ချီးမြှင့် ပွဲ၊ စေတနာ့ဝန်ထမ်း အဖွဲ့ အစည်းများအား (၂၀၁၄-၂၀၁၅)ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေ ပေးအပ်ပွဲနှင့် လူမှုစောင့်ရှောက်ရေးနှင့် သဘာ၀ ဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်များ နည်းပြ သင်တန်း (၃/၂၀၁၅)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား ပါသည်။ အစီအစဉ်အရ ကယားပြည်နယ်အစိုးရအဖွဲ့ဝင်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးတော့ရယ်က ကယားပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော လူမှုစီးပွားဘဝမြင့်မားရေးလုပ်ငန်းများ အကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်က လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်း လူငယ်များ စီမံကိန်း အကြောင်းနှင့် ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာ ချထားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦၤးစိုးအောင်  က သဘာဝဘေး လျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များ စီမံကိန်း အကြောင်း ရှင်းလင်း ပြောကြားပါသည်။

      ထို့နောက် ဖားဆောင်းမြို့နယ်နေ အဘိုး-ဦးစောကဇူ(၁၀၂)နှစ်နှင့် အဘွား ဒေါ်ဥ(၁၀၂)နှစ် တို့အတွက် နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် ဂုဏ်ပြုလွှာများနှင့် ချီးမြှင့်ငွေ(၂) သိန်းစီအား နိုင်ငံတော်ကိုယ်စားပေးအပ်ပါသည်။

      ဆက်လက်၍ လွိုင်ကော်မြို့နယ်အတွင်းရှိ ဗဟိုတပ်ဦး လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ အတွက် (၇၀.၇၆)သိန်း၊ ပြည်နယ်ဘိုးဘွားရိပ်သာ အတွက်(၂၈.၄၇)သိန်း၊ စိန်မာတင်ဘိုးဘွား ရိပ်သာအတွက် (၂၄.၀၉)သိန်၊ လောဓမ္မ(မြို့ဦး)လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၁၈.၂၅) သိန်းနှင့် ဝမ်းကုန်း  လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၁၃.၈)သိန်း၊ ဒီမောဆိုမြို့နယ် အတွင်းရှိ မြို့မ (ဝမ်းအောင်း) လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၅၈.၄)သိန်း၊ ဒေါရောက်ခူ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ အတွက်(၃၇.၄၅)သိန်းနှင့် ဒေါညေးခူ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေ ဟာအတွက် (၂၂.၅)သိန်း၊ ဖရူဆို မြို့နယ်အတွင်းရှိ ညောင်ဇင်ကျောင်း လူငယ်ဖွံ့ဖြိုးရေးပရဟိ တဂေဟာ အတွက်(၅၈.၄)သိန်းနှင့် ထားလဲ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက်(၄၅.၉၉)သိန်း၊ လွိုင်ကော်ခရိုင်အတွင်းရှိကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း(၃၃)ကျောင်းအတွက်(၁၉၈)သိန်း၊   ဘော်လခဲမြို့နယ်အတွင်းရှိ နန်းဖဲ လူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက်(၅၇.၆၇)သိန်း၊ ဖားဆောင်းမြို့နယ်အတွင်းရှိ မော်ချီးလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက်(၃၁.၂)သိန်း၊  ဘော်လခဲ ခရိုင်အတွင်းရှိကိုယ့်အားကိုယ်ကိုးမူလတန်းကြို ကျောင်း(၅)ကျောင်းအတွက် (၃၀)သိန်း၊ လွိုင်ကော်မြို့ နယ်အတွင်းရှိ ကျေးရွာ(၆)ရွာမှာ မိုသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့သဖြင့် ပြိုကျ ပျက်စီးအိမ် (၁၇၃)လုံးအတွက်(၈၆.၅)သိန်းနှင့် ဆန် ရိက္ခာဖိုး(၁၂.၁၈)သိန်း စုစုပေါင်း(၈၀၃.၆၆)သိန်း ကျပ်အားသက်ဆိုင်သူများထံ ထောက်ပံ့ပေးခဲ့ပါသည်။

        ထို့နောက် ဂေဟာအုပ်ချုပ်ရေးမှူး တစ်ဦးမှ   ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

FacebookTwitter