ကလေးသုံးမွှာပူး မွေးဖွားသည့် မိခင်နှင်‌့ကလေး ဆုကြေးငွေ ပေးအပ်

နေပြည်တော် -

      နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနား မြို့နယ် သူဌေးကုန်းကျေးရွာမှ ကလေးသုံးမွှာပူး မွေးဖွားသည့်   ဦးနိုင်စိုး၏  ဇနီးဒေါ်မြင့်မြင့်အေးအား လူမှုဝန်ထမ်း ဦးစီးဌာန၏  မိခင်နှင်‌့ကလေး ဆုကြေး ထောက်ပံ့ငွေ ၅၀၀၀၀၀ိ/-(ကျပ်ငါးသိန်းတိတိ) ပေးအပ်ပွဲကို  စက်တင်ဘာလ(၂၁)ရက်နေ့ နေပြည်တော် ကောင်စီနယ်မြေ၊ ကုတင်(၁၀၀၀)ဆံ့ အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် ကျင်းပခဲ့သည်။

       အဆိုပါ ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲသို့   လူမှုဝန်ထမ်း ဦးစီးဌာနမှ  ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်စန်းစန်းအေး တက်ရောက်ခဲ့ပြီး  ကလေးသုံး မွှာပူး မွေးဖွားခဲ့သည်‌့ မိခင်နှင်‌့ ကလေးဆု ထောက်ပံ့ကြေး ငွေ ၅၀၀၀၀၀ိ/- အား လူမှုဝန်ထမ်း ဦးစီးဌာန ကိုယ်စားပေးအပ်၍  မိဘများအား အားပေးစကား ပြောကြားခဲ့ပါ သည်။ သမီးမိန်းကလေး သုံးမွှာပူး မွေးဖွားခဲ့ပြီး မိခင်နှင်‌့ကလေး သုံးဦးလုံးကျန်းမာ လျက်ရှိကြောင်း သတင်းရရှိသည်။

FacebookTwitter