လူမှုစီးပွားဘဝမြင့်မားရေး လုပ်ငန်းများဆောင်ရွက်

ဖျာပုံ၊ နိုဝင်ဘာလ (၂၁) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး လူမှုရေး ကာကွယ်စောင်‌့ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများ လိုက်ပါလျှက် နိုဝင်ဘာလ (၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပသော ဖျာပုံခရိုင်အတွင်း လူမှုစီးပွား ဘဝမြင့်မားရေး အတွက် အလှူငွေနှင့်ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားပြီး ဖျာပုံမြို့နယ်နှင့် ဒေးဒရဲမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအတွက် ၇ ပေသွပ်များနှင့် အလှူငွေများ၊ ရပ်ကွက်တွင်းနှင့် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းများ၊ ဝန်ကြီးဌာနအသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၈)ကျောင်းအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေ (၆) သိန်းကျပ်စီနှင့် သင်ထောက်ကူ ပစ္စည်းများ ၊ မသန်စွမ်းသူများအတွက် ဝှီးချဲများ၊ ရွာလုံးကျွတ်မီးလင်းရေး ကျေးရွာ(၄)ရွာ အတွက် အင်ဂျင်မီးစက် (၁)လုံးစီ၊ ဖျာပုံမြို့နယ်၊ ကဇောင်းကျေးရွာ၊ မူကြိုကျောင်းဆောက်လုပ်ရန် အတွက် (၂၀၀) သိန်း၊ စုစုပေါင်းငွေသား (၃၇၅)သိန်း နှင့် (၃၁၈)သိန်းခန့် တန်ဖိုးရှိသော လူမှုစီးပွားဘဝ မြင့်မားရေး အထောက်အကူပြု ပစ္စည်းများကို သက်ဆိုင်သူများ ထံ ထောက်ပံ့ပေးပါသည်။

        နေ့လယ်ပိုင်းတွင် သဲအိမ်ကျောင်းစုကျေးရွာသို့ ကွင်းဆင်း၍ ဝန်ကြီးဌာနမှ လှူဒါန်းထားသော အင်ဂျင်မီးစက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပါသည်။

       နိုဝင်ဘာလ(၂၂)ရက်နေ့တွင် အမာမြို့၊ ဆိပ်မကျေးရွာအုပ်စု၊ ရိုးကုန်းကျေးရွာသို့ သွားရောက်၍ ဝန်ကြီးဌာနမှ လှူဒါန်းထားသော အင်ဂျင်မီးစက်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဆိပ်မ အနောက်ကျေးရွာသို့ ဆက်လက်သွားရောက်ကာ အင်ဂျင်မီးစက်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပါသည်။

       ထို့နောက် ဖျာပုံမြို့ပေါ် ပြည်သူ့ပန်းခြံအတွင်း ကလေးအားကစားကွင်း တည်ဆောက်ရန် မြေနေရာအား ကြည့်ရှုပါသည်။ နိုဝင်ဘာလ (၂၃)ရက်နေ့၊ နံနက်ပိုင်းတွင် အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ ဆုံးမသြဝါဒစကား ပြောကြားပါသည်။

       ဆက်လက်၍ ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာ၊ အဘိုးဆောင်သစ်၌ ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးထားသော အပြည်ပြည်ဆိုင်ရာ သက်ကြီးသူများ စောင့်ရှောက်ရေးအဖွဲ့(Help Age International) နှင့် ပူးပေါင်း၍ (၁၈)ရပ်ကွက်နှင့် (၁၉)ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် လူမှုကာကွယ်စောင့်ရှောက်ရေး ကနဦး စီမံချက် ထောက်ပံ့ငွေ ပေးအပ်ပွဲသို့ တက်ရောက်အားပေးပြီး ဝါပသံဃာဒါနဘုံဆွမ်းလောင်းအသင်း၊ ဖျာပုံမြို့ပေါ် ပြည်သူ့ပန်းခြံအတွင်း ကလေးအားကစားကွင်းနှင့် မြစိမ်းကန်ကျေးရွာ ရေဆင်းတံတားတို့အတွက် ထောက်ပံ့ငွေများ ပေးအပ်ပါသည်။ ထို့နောက် ချောင်းတွင်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသော ချောင်းတွင်းကျေးရွာ အုပ်စုအတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေး သူငယ်များအတွက် လူမှုကာကွယ်စောင့်ရှောက်ရေး ကနဦး စီမံချက် ထောက်ပံ့ငွေ ပေးအပ်ပွဲသို့ ဆက်လက် တက်ရောက်အားပေးပါသည်။

       ၎င်းနောက် ဒေးဒရဲမြို့ မင်္ဂလာကန်ကျောင်းတိုက်၌ ဓမ္မစကူးလ်ဆရာဖြစ် သင်တန်းပို့ချနေမှုအား ကြည်‌့ရှုအားပေး၍ ယဉ်ကျေးလိမ္မာစာအုပ်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

FacebookTwitter