၀န်ကြီးဌာနမိသားစု ဒသမအကြိမ် မြောက် ဝန်ကြီးဌာနမိသားစု ဘုံကထိန် ကျင်းပဆက်ကပ်လှူဒါန်းပွဲ

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမိသားစု၏ ဒဿမအကြိမ် မြောက်ဝန်ကြီးဌာန မိသားစုဘုံကထိန် ကျင်းပဆက်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာလ(၂၀)ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် အဆိုပါဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပပါသည်။ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်၊ ဒုတိယဝန်ကြီး ဦးဘုန်းဆွေ၊ အမြဲတမ်းအတွင်းဝန် ၊ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ ဝန်ထမ်းများတက်ရောက် ကြည်ညိုကြ ပါသည်။

     ရှေးဦးစွာပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိတ်သတ်များက ပျဉ်းမနားမြို့ တံခွန်တိုင် ကျောင်းတိုက်ဆရာတော် ဒေါက်တာဘန္တဝါယမထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများမှ မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားတော်မူကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်များထံသို့ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ပျဉ်းမနားမြို့ကိုးခန်းကျောင်းတိုက် ဦးစီးပဓါနနာယက ဆရာတော် ဘဒ္ဒန္တအာစိဏ္ဏထံမှ အနုမောဒနာ တရားများနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပါသည်။

       အခမ်းအနားအပြီးတွင် ဝန်ကြီးဌာနမိသားစုမှ သံဃာတော်များအားနေ့ ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါကြောင်းနှင့် လှူဒါန်းငွေမှာ ပစ္စည်းတန်ဘိုးငွေ- ၁၉၉၅၅၀၀ိ/-ဝတ္ထုငွေ- ၈၇၀၀၀၀ိ/- ၊ စုစုပေါင်း ၂၈၆၅၅၀၀ိ/- ဖြစ်ကြောင်းသတင်းရရှိပါသည်။

FacebookTwitter