အသက်(၉၀)နှစ်မှ (၁၀၀)ကြား ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး လူမှု ကာကွယ်စောင်‌့ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၊ဥက္ကဌ ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာလ(၂၆)ရက်နေ့တွင် ရန်ကုန်မြို့၊ အလယ်ရွှေဂုံတိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဓမ္မာရုံ၌ ရွှေသုံးရွှေဆုတောင်းပြည့်ဘုရား (၁၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲနှင်‌့ အသံမစဲ မဟာပဌာန်းပွဲ ပိတ်ပွဲအခမ်းအနား သို့ တက်ရောက်ပါသည်။

      ၎င်းနောက် ဓမ္မစေတီလမ်းရှိ အိမ်တွင်း မှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းသို့ ရောက်ရှိပြီး မိန်းမဝတ်(လက်မနည်း/စင်တီမီတာနည်း)၊ ကလေးဝတ်၊ ကျားရှပ်၊ ကုတ်/ဘောင်းဘီ/တိုက်ပုံ၊ သတိုးသမီးဝတ်စုံ၊ သိုးမွေးထိုး၊ စက်ကလေးပန်းထိုး၊ စက်ကြီးပန်းထိုး၊ မုန့်မျိုးစုံ(မြန်မာ/တရုတ်) သင်တန်းများ ဖွင်‌့လှစ်နေမှုကို ကြည့်ရှုအားပေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားကာ စံပြရင်သွေးအိမ် မူကြိုအားကစား ကွင်းကို ကြည့်ရှုစစ်ဆေးပါသည်။

      ဒီဇင်ဘာလ(၂၇)ရက်နေ့တွင် ရန်ကုန်မြို့၊ ဆေးတက္ကသိုလ်(၁) မြက်ခင်းပြင်၌ လူရည်ချွန် (၁၉၆၄-၈၈) အဖွဲ့ ညစာစားပွဲနှင်‌့ ၂၀၁၅ ဘက်စုံပညာထူးချွန် လူငယ် (၁၁)ဦးအား ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး မုဒိတာစကား ပြောကြားပါသည်။

      ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ သောကြာကျေးရွာအုပ်စု မြစိမ်းကန်ကျေးရွာသို့ ကွင်းဆင်း၍ ဝန်ကြီးဌာနမှ လှူဒါန်းထားသော အင်ဂျင်မီးစက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင်‌့လှစ်ပေးကာ ကျောင်းသား/ကျောင်းသူများနှင့် သောကြာကျေးရွာ၊ ချောင်းကူး အုန်းတံတားအတွက် ထောက်ပံ့ငွေပေးအပ်ပါသည်။

      ထို့နောက် မငေးကြီး ကျေးရွာသို့ ဆက်လက်သွားရောက်၍ ဝန်ကြီးဌာနမှ လှူဒါန်းထားသော အင်ဂျင်မီးစက်အား ဖွင်‌့လှစ်ပေးကာ မီးစက်ပြုပြင်ထိန်းသိမ်းစရိတ် ထောက်ပံ့ပေးပါသည်။

      ဒီဇင်ဘာလ(၂၉)ရက်နေ့တွင် ဖျာပုံမြို့ပေါ် ပြည်သူ့ပန်းခြံအတွင်း ကလေးများ အပန်းဖြေရန် ဝန်ကြီးဌာနမှ လှူဒါန်းသည့် ကလေးအားကစားကွင်းအား ဖွင်‌့လှစ်ပေးပါသည်။

      ထို့နောက် ဖျာပုံမြို့၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်း၌ ကျင်းပသော ဖျာပုံခရိုင်အတွင်း လူမှုစီးပွားဘဝ မြင့်မားရေးအတွက် အလှူငွေနှင်‌့ ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားပြီး ဖျာပုံခရိုင် အတွင်းရှိ အသက်(၉၀)နှစ်မှ (၁၀၀)ကြား ဘိုးဘွား(၄၅၄)ဦးအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်ထောက်ပံ့ငွေ (၈၁.၇၂)သိန်း ၊ ဖျာပုံမြို့ပေါ် ပြည်သူ့ပန်းခြံ အားကစားကွင်းဘေး ဖျာပုံမြစ်ကမ်း တိုက်စားခြင်းမှ ကာကွယ်ရန် ကမ်းထိန်းနံရံတည်ဆောက်ခြင်းအတွက် ကျပ်သိန်း(၁၀၀)၊ ဖျာပုံမြို့နယ်နှင်‌့ ဒေးဒရဲမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအတွက် (၇)ပေ သွပ်များနှင်‌့ အလှူငွေများ၊ ကုလားထိပ်ကျေးရွာအတွက် အင်ဂျင်မီးစက်(၁)လုံး ၊ (၈)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ (ရေကူး)တွင် ရွှေတံဆိပ်( ၃ )ခုနှင်‌့ ငွေတံဆိပ်( ၄ )ခု ရရှိသော ဖျာပုံမြို့နယ်၊ အပြောင် ကျေးရွာအုပ်စုမှ ထူးချွန်မသန်စွမ်း အားကစားသမား မောင်အောင်မြင်‌့မြတ်အတွက် (၂)သိန်း၊ ရပ်ကွက်တွင်းနှင်‌့ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းများ ၊ တံတားများ၊ မြေသားလမ်းများအတွက် ထောက်ပံ့ငွေများ အပါအဝင် စုစုပေါင်း ငွေသား (၄၈၉.၅၂)သိန်းနှင်‌့ (၉၀)သိန်းခန့် တန်ဘိုးရှိသော လူမှုစီးပွားဘဝမြင်‌့မားရေး အထောက်အကူပြုပစ္စည်းများကို သက်ဆိုင်သူများထံ ထောက်ပံ့ပေးပါသည်။

      ဆက်လက်၍ ဖျာပုံခရိုင်၊ လူမှုဝန်ထမ်းရုံး တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားပါသည်။ နေ့လည်ပိုင်းတွင် ဒေးဒရဲမြို့သို့ သွားရောက်၍ ဦးအောင်ဇော်မြင်‌့+ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် သားသမီး မြေးတစ်စုမှ လှူဒါန်းဆောက်လုပ်နေသည့် မြတ်စေတနာ ဘိုးဘွားရိပ်သာ တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

FacebookTwitter