မွန်ပြည်နယ်အတွင်းရှိ အသက်(၉၀)နှစ်နှင့်(၁၀၀)နှစ်ကြား အဘိုးအဘွားများအား ထောက်ပံ့ငွေပေးအပ်

မော်လမြိုင်၊ ဇန်နဝါရီလ (၂) -

      လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ဇန်နဝါရီလ (၂)ရက်နေ့၊ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဟင်္သာခန်းမ၌ကျင်းပ ပြုလုပ်သော မွန်ပြည်နယ်အတွင်းရှိ အသက်(၉၀)နှစ်နှင့်(၁၀၀)နှစ်ကြား အဘိုးအဘွားများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအတွက် ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကား ‌ပြောကြားရာတွင် ယနေ့အချိန်ထိ တစ်နိုင်ငံလုံးအတွင်းရှိ အသက်(၁၀၀)နှစ်နှင့် အထက် အဘိုး၊ အဘွား စုစုပေါင်း(၁၂၄၇)ဦး တို့ကို နိုင်ငံတော်၏ သက်ကြီးဝါကြီး ဂုဏ်ပြုခံပုဂ္ဂိုလ်များ အနေဖြင့် နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် ဂုဏ်ပြုလွှာများနှင့် အဘိုး၊ အဘွား (၁)ဦးလျှင် ချီးမြှင့်ငွေ (၂)သိန်းကျပ်စီဖြင့် စုစုပေါင်း (၂၄၉၄) သိန်းကို ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးတွင် ယနေ့အချိန်ထိ ကောက်ယူရရှိထားတဲ့ အသက်(၉၀)နှစ်နှင့် (၁၀၀)နှစ်ကြား အဘိုး၊ အဘွား စုစုပေါင်း (၂၃၁၈၇) ဦးအတွက် တစ်ဦးလျှင် (၁၈၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၄၁၇၃.၆၆)သိန်းကို ဝန်ကြီးဌာန ဘတ်ဂျက်မှ ထောက်ပံ့ပေးလျက် ရှိပါကြောင်း စသည်ဖြင့် အကျယ်တဝင့် ပြောကြားပါသည်။

      အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးမှ ရေးမြို့နယ်မှာ နေထိုင်တဲ့ အဘွား ဒေါ်သောင်းရင်၊ အသက် (၁၀၁)နှစ်အတွက် နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ ဂုဏ်ပြုလွှာနှင့် ချီးမြှင့်ငွေ (၂)သိန်းကျပ်၊ အသက်(၉၀) နှစ်နှင့် (၁၀၀)နှစ်ကြား ကျိုက်မရောမြို့နယ်အတွင်းရှိ အဘိုး၊ အဘွား (၁၃၃)ဦး အတွက် (၂၃.၉၄)သိန်း၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အဘိုး၊ အဘွား(၁၈၉)ဦးအတွက် (၃၄.၀၂) သိန်း၊ မုဒုံ မြို့နယ်အတွင်းရှိ အဘိုး၊ အဘွား(၂၇၃)ဦးအတွက် (၄၉.၁၄)သိန်း၊ မော်လမြိုင်မြို့နယ်အတွင်းရှိ အဘိုး၊ အဘွား (၁၂၂)ဦးအတွက် (၂၁.၉၆) သိန်း၊ ရေးမြို့နယ် အတွင်းရှိ အဘိုး၊ အဘွား(၁၁၉)ဦးအတွက် (၂၁.၄၂)သိန်း၊ သံဖြူဇရပ်မြို့နယ် အတွင်းရှိ အဘိုး၊ အဘွား(၁၅၀)ဦးအတွက် (၂၇)သိန်း၊ ကျိုက်ထိုမြို့နယ် အတွင်းရှိ အဘိုး၊ အဘွား(၁၀၀)ဦးအတွက် (၁၈)သိန်း၊ ပေါင်မြို့နယ်အတွင်းရှိ အဘိုး၊ အဘွား(၁၁၄)ဦးအတွက် (၂၀.၅၂)သိန်း၊ ဘီးလင်းမြို့နယ် အတွင်းရှိ အဘိုး၊ အဘွား(၁၀၀)ဦးအတွက် (၁၈)သိန်း၊ သထုံမြို့နယ် အတွင်းရှိ အဘိုး၊ အဘွား(၁၀၂)ဦးအတွက်(၁၈.၃၆)သိန်းတို့ကို ပေးအပ်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအုန်းမြင့်မှ ကျိုက်ထိုမြို့နယ်၊ ဆိပ်ဖူးတောင် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ အတွက်(၁၉၄.၅)သိန်း၊ ဘီးလင်းမြို့နယ် အတွင်းရှိ သော်ကမြောင် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ အတွက်(၈၄.၀၆)သိန်းနှင့် တိုင်းရင်းသားလူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၇၄.၆)သိန်း၊ သထုံမြို့နယ်အတွင်းရှိ ဘုရားခြောက်ဆူ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၂၃.၃၆)သိန်းနှင့် သထုံဘိုးဘွားရိပ်သာအတွက်(၂၃.၃၁)သိန်း၊ သထုံခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၁၉)ကျောင်းအတွက် (၁၁၄)သိန်း၊ မော်လမြိုင်မြို့နယ် အတွင်းရှိ တောင်ဝိုင်းဘိုးဘွားရိပ်သာ အတွက်(၄၀.၈၃)သိန်းနှင့် အမျိုးသမီးဂေဟာ အတွက် (၁၇.၃၄) သိန်း၊ မုဒုံမြို့နယ် အတွင်းရှိ ရေ‌တောင်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ အတွက်(၁၁.၄)သိန်းနှင့် မုဒုံဘိုးဘွားရိပ်သာ အတွက် (၆.၃)သိန်း၊ မော်လမြိုင်ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၃၂)ကျောင်း အတွက် (၁၉၂)သိန်း၊ စုစုပေါင်း (၁၀၃၆.၃၆)သိန်းကို သက်ဆိုင်သူများထံ ထောက်ပံ့ပေးအပ်ပါသည်။

      ထို့နောက် ဂေဟာအုပ်ချုပ်ရေးမှူး တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အိမ်တွင်းမှုသက်မွေးပညာသင်ကျောင်း၌ သင်တန်းများပို့ချ နေမှုကို ကြည့်ရှုစစ်ဆေး၍ ဦးစီးဌာန(၂)ခု အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ လမ်းညွှန်အမှာစကား ပြောကြားပါသည်။

      ၎င်းနောက် ပြည်နယ်ကယ်ဆယ်ရေးဂိုဒေါင်ကို စစ်ဆေးပြီး ပြည်နယ်ဦးစီးမှူးရုံး တည်ဆောက်မည့် ‌မြေနေရာကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားကာ ကျိုက်ထီးရိုးဆံတော်ရှင်ဘုရား၌ အလှူငွေများ လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

FacebookTwitter