သက်ကြီးရွယ်အိုများအတွက်ပြုစုစောင့်ရှောက်သူ (Care giver) အခ‌ပေးသင်တန်း အမှတ်စဉ်(၂)

ရန်ကုန် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှဦးဆောင်၍ သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်သူများအ‌နေဖြင့် စနစ်တကျ ပြုစုစောင့်ရှောက်မှု နည်းပညာများကို ရရှိနိုင်စေရန်နှင့် သင်တန်းတက်ရောက်သူ လူငယ်/လူရွယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ သက်ကြီးရွယ်အိုများအတွက် ပြုစုစောင့်ရှောက်သူ (Care giver) သင်တန်းအမှတ်စဉ်(၂)ကို ရန်ကုန်မြို့၊ သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၌ (၅.၁.၂၀၁၆) ရက်နေ့မှ (၂၆.၂.၂၀၁၆)ထိ အခပေးသင်တန်းအဖြစ် သင်တန်းသားတစ်ဦးလျှင် သင်တန်း ဝင်ကြေးကျပ် ၅၀၀၀၀ိ/- နှုန်းဖြင့် အဆိုပါဂေဟာတွင် ဖွင့်လှစ်လျက်ရှိပါသည်။

      သင်တန်းအမှတ်စဉ်(၃)သို့ တက်ရောက်ရန် အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများလျှောက်ထားနိုင်ပါသည် -

  (က) အသက်(၁၈)နှစ်ပြည့်ပြီး အနည်းဆုံး အခြေခံပညာအလယ်တန်းအဆင့် အောင် မြင်ပြီးသူ ဖြစ်ရမည်။

  ( ခ) ကျန်းမာရေးကောင်းမွန်ပြီး သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးလုပ်ငန်းအား စိတ်ပါဝင်စားသူ ဖြစ်ရမည်။

  ( ဂ) သင်တန်းမှချမှတ်ထားသော စည်းကမ်းများအား လိုက်နာပြီး အချိန်ပြည့် သင်တန်း တက်ရောက်နိုင်သူဖြစ်ရမည်။

      သင်တန်းကာလ(၈)ပတ် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းဆိုင်ရာ အသေးစိတ်အချက် အလက်များကို သက်ကြီးရွယ်အိုနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၊ အမှတ်(၆၄)၊ ကမ္ဘာအေးစေတီလမ်းနှင့် ပါရမီလမ်းထောင့် ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း- ၀၁ ၆၅၇၉၁၄/ ၀၁ ၆၅၇၀၁၃ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

FacebookTwitter