ဘက်စုံသုံးမုန်တိုင်းဒဏ်ခံအဆောက်အဦ ဖွင့်လှစ်

ဧရာဝတီတိုင်း၊ ဇန်နဝါရီလ (၁၅) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ဒေးဒရဲမြို့သို့ သွားရောက်၍ ဦးအောင်ဇော်မြင့် + ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် သားသမီး၊ ‌မြေးတစ်စုမှလှူဒါန်းဆောက်လုပ်နေသည့် မြတ်စေတနာ ဘိုးဘွားရိပ်သာအား အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပါသည်။

      ၎င်းနောက် ဒေးဒရဲမြို့နယ် တိုက်ကျောင်း ဘုန်းတော်ကြီးကျောင်းအတွက် အလှူငွေနှင့်သွပ်များ၊ ဓမ္မစကူးလ်အတွက် အလှူငွေနှင့် ဒေးဒရဲမြို့နယ် အရေးပေါ် မီးငြိမ်းသတ်နိုင်ရေး (၅၅)သိန်းခန့် တန်ဘိုးရှိသော အပေါ့စား မီးသတ်ရေစုပ်စက်(၁)လုံးနှင့် ဆက်စပ်ပစ္စည်းများကို သက်ဆိုင်သူများထံ ထောက်ပံ့ပေးပါသည်။

      ဆက်လက်၍ တော်လှကျေးရွာသို့ ကွင်းဆင်း၍ အဘွားဒေါ်စိန်ရီ၊ (၁၀၃)နှစ်၏ နေအိမ်သို့သွားရောက်ကာ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် ဂုဏ်ပြုလွှာနှင့် ချီးမြှင့်ငွေ(၂)သိန်း၊ အသုံးအဆောင် ပစ္စည်းများကို ထောက်ပံ့ ကန်တော့ပြီး ဂုဏ်ယူဝမ်း‌မြောက်ပါကြောင်း ‌ပြောကြားပါသည်။

      ဇန်နဝါရီလ(၁၆)ရက်နေ့တွင် ဖျာပုံမြို့၊ (၁၇)ရပ်ကွက်၌ ဝန်ကြီးဌာနက လှူဒါန်းထားသည့် စစ်ကိုင်းလမ်း ကွန်ကရိလမ်းသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်ပြီး (၁၈)ရပ်ကွက်အဝင် ဦးအောင်မြတ်လမ်း ကွန်ကရိ ခင်းနေခြင်းကို ကြည့်ရှုစစ်ဆေးပါသည်။

      ဆက်လက်၍ ဒေးဒရဲမြို့နယ်၊ ကျွဲသလင်းကုန်းကျေးရွာအုပ်စု၊ ကွန်ဒိုင်းကြီးကျေးရွာသို့ ကွင်းဆင်း၍ ဝန်ကြီးဌာနမှ လှူဒါန်းထားသော အင်ဂျင်မီးစက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ ဘုန်းတော်ကြီးကျောင်းများအတွက် လှူဒါန်းငွေနှင့်သွပ်များ လှူဒါန်းပါသည်။

      ထို့နောက် ကျိုက်လတ်မြို့သို့ သွားရောက်၍ ရွှေရတုခန်းမ၌ ကျိုက်လတ်မြို့နယ် အရေးပေါ် မီးငြိမ်းသတ်နိုင်ရေး (၅၅)သိန်းခန့် တန်ဘိုးရှိသော အပေါ့စား မီးသတ်ရေစုပ်စက်(၁)လုံးနှင့် ဆက်စပ်ပစ္စည်းများကို သက်ဆိုင်သူများထံ ထောက်ပံ့ပေးပါသည်။

      ဇန်နဝါရီလ(၁၇)ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ဇီးဖြူရွာမကျေးရွာသို့ ကွင်းဆင်း၍ ဝန်ကြီးဌာနက (၇၅၀)သိန်းကျပ်ဖြင့် ဆောက်လုပ်လှူဒါန်းထားသည့် ဘက်စုံသုံး မုန်တိုင်းဒဏ်ခံ အဆောက်အဦ(Multipurpose Cyclone Sherlter)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ ကမ္ဗည်းမော်ကွန်းကို နံ့သာရည် ပက်ဖျန်းပေးကာ ဒေသခံ ပြည်သူလူထုများထံ သဘာဝဘေး လျော့ပါးရေး အထောက်အကူပြု ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

FacebookTwitter