အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးသင်‌့ ပြည်သူများအတွက် အလှူငွေ ပေးအပ်လှူဒါန်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၂ ရက် -

        ၂၀၁၅ခုနှစ်၊ မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ဘေးဒုက္ခ ကြုံတွေ့ခဲ့ရသည့် ပြည်သူများအတွက် နိုင်ငံတော်မှ ဦးဆောင်၍ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များက သက်ဆိုင်ရာ ဘေးသင့်ဒေသများတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယင်းလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက်  ထိုင်ဝမ်နိုင်ငံ အခြေစိုက် E. SUN BANK မှ CEO Mr.James Chen နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက အလှူငွေ ကျပ်သိန်း(၁၀၀၀)ကို (၂-၂-၂၀၁၆)ရက်နေ့ နံနက်(၁၀း၀၀)အချိန်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ လာရောက်လှူဒါန်းခဲ့ရာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဘုန်းဆွေက လက်ခံရယူခဲ့ပါသည်။

       ယင်းနောက် အလှူရှင်ဖြစ်သော  E.  SUN BANK မှ CEO Mr. James Chen ကို ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter