တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများမှ မီးဘေးသင့် ပြည်သူများအတွက် အလှူငွေများပေးအပ်

နေပြည်တော်၊ ဖေဖေါ်ဝါရီလ (၁၉) -

      မီးဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ဖေဖေါ်ဝါရီလ(၁၉)ရက်နေ့၊ မွန်းလွဲ(၂)နာရီ အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ နမ့်ဆန်မြို့မီးဘေးသင့် ပြည်သူများအတွက် (၁၈၀)သိန်းကျပ်နှင့် လပွတ္တာမြို့ မီးဘေးသင့်ပြည်သူများအတွက် (၁၂၀)သိန်းကျပ် စုစုပေါင်း (၃၀၀)သိန်းကျပ် ကို တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများကိုယ်စား တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်နေလင်းက ပေးအပ်ရာ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်က လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

FacebookTwitter