မီးဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

နေပြည်တော်၊ ဧပြီ ၃ -

      လယ်ဝေးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်တွင် (၂.၄.၂၀၁၆)ရက်နေ့၊(၁၅း၃၀)နာရီတွင် မီးဘေးဖြစ်ပွားခဲ့ရာ သွပ်မိုး၊ ထရံကာနေအိမ်(၂)လုံး၊ သက်ကယ်မိုးထရံကာ နေအိမ်(၅)လုံး၊ စုစုပေါင်းနေအိမ်(၇)လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု(၇)စုမှ လူကြီး(၂၂)ဦး၊ ကလေး(၈)ဦး စုစုပေါင်း(၃၀)ဦး ဘေးဒုက္ခကြုံ တွေ့ခဲ့ရပါသည်။

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြင့်အေးသည် (၃.၄.၂၀၁၆)ရက်နေ့ (၁၂း၀၀)နာရီတွင် မီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားရှိသည့် လယ်ဝေးမြို့ အမှတ်(၁)ရပ်ကွက်ရှိ မြွေရိုးကြီးကျောင်းတိုက်သို့ သွားရောက်၍ ဝန်ကြီးဌာနမှထောက်ပံ့ပေးအပ်သော တန်ဖိုးကျပ် (၁၅၄၄၆၂)ရှိ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အိမ်ဆောက်ပစ္စည်းဘိုးကျပ် ( ၄၅၀၀၀၀ )နှင့် ဆန်ရိက္ခာဘိုး ထောက်ပံ့ငွေကျပ် (၆၃၀၀၀)အား ထောက်ပံ့ပေးအပ်ခဲ့ပြီး မီးဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

FacebookTwitter