သက်ကြီးရွယ်အို များအတွက် ပြုစုစောင့်ရှောက်သူ (Care giver) သင်တန်း(အခ‌ပေး)

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးဆောင်၍ သက်ကြီးရွယ်အို များကိုပြုစု စောင့်ရှောက်သူများ အ‌နေဖြင့် စနစ်တကျ ပြုစုစောင့်ရှောက်မှု နည်းပညာများကို ရရှိနိုင်စေရန်နှင့် သင်တန်း တက်ရောက်သူ လူငယ်/လူရွယ် များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ သက်ကြီးရွယ်အို များအတွက် ပြုစုစောင့်ရှောက်သူ (Care giver) သင်တန်း (အခပေး)၊ အမှတ်စဉ်(၃)ကို သင်တန်းသားတစ်ဦး လျှင် ၅၀၀၀၀ိ/-နှုန်းဖြင့် ရန်ကုန်မြို့၊ သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာ၌ (၃၀.၅.၂၀၁၆) ရက်နေ့မှ (၂၂.၇.၂၀၁၆)ထိ ဖွင့်လှစ်မည် ဖြစ်ပါသည်။

      သင်တန်း တက်ရောက်ရန် အောက်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည် -

          (က) အသက်(၁၈)နှစ်ပြည့်ပြီး အနည်းဆုံး အခြေခံပညာ အလယ်တန်းအဆင့် အောင် မြင်ပြီးသူ ဖြစ်ရမည်။ 

          ( ခ) ကျန်းမာရေးကောင်းမွန်ပြီး သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးလုပ်ငန်းအား စိတ်ပါဝင်စားသူ ဖြစ်ရမည်။

          ( ဂ) သင်တန်းမှချမှတ်ထားသော စည်းကမ်းများအား လိုက်နာပြီး အချိန်ပြည့် သင်တန်း တက်ရောက်နိုင်သူ ဖြစ်ရမည်။

      သင်တန်းကာလ(၈)ပတ် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းဆိုင်ရာ အသေးစိတ်အချက် အလက်များကို သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာ၊ အမှတ်(၆၄)၊ ကမ္ဘာအေး စေတီလမ်းနှင့် ပါရမီလမ်းထောင့် ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း- ၀၁ ၆၅၇၉၁၄/ ၀၁ ၆၅၇၀၁၃ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

FacebookTwitter