ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး အား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ ကိုယ်စားလှယ် များမှ လာရောက်တွေ့ဆုံခြင်း

နေပြည်တော်၊ မေ(၃) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာ ခန်းမတွင် မေလ ၃ ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား UNOCHA မှ Head of Officeဖြစ်သူ Mr.Mark Cutts ဦးဆောင်သော အဖွဲ့မှ လာရောက်တွေ့ ဆုံခဲ့ပါသည်။

      ထိုသို့ တွေ့ဆုံရာ၌  သဘာဝဘေးသင့်ဒေသများဖြစ် ကြသော ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်များသို့ လူသားချင်း စာနာထောက်ထားမှု အကူညီများပေးသည့် ကိစ္စများတွင် ကန့်သတ်ဒေသများသို့ သွားရောက်နိုင်ရေးအတွက် ဝန်ကြီးဌာနမှ အပြည့်အ၀ ကူညီပေးခြင်း ဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၁၅ ခုနှစ် ရေဘေး ပြန်လည်ထူထောင်ရေး ကိစ္စများတွင် ဝန်ကြီးဌာနနှင့် NGO, INGOများ ပူးပေါင်း၍ သဘာဝဘေးတုန့် ပြန်ရေးကိစ္စများတွင် မြန်ဆန် သွက်လက်စွာ ဆောင်ရွှက်ခြင်းကိစ္စများ၊ ထို့အပြင် ကမ္ဘာ့ လူသားချင်းစာနာ ထောက်ထားမှု ထိပ်သီးအစည်းအဝေးကျင်းပရခြင်း၏    နောက်ခံသမိုင်းကြောင်းနှင့် လက်ရှိအခြေအနေများကို UNOCHA မှ Head of OCHA Indonesia ဖြစ်သူ Mr.Oliv Lacey-Hall မှ ရင်းနှီး ပွင့်လင်းစွာ ရှင်းလင်းဆွေးနွေး ခဲ့ကြပါသည်။

      အလားတူ နံနက်(၁၀း၀၀) နာရီအချိန်တွှင် ပြည်ထောင်စုဝန်ကြီးအား UNDP မှ Country Director ဖြစ်သူ Mr. Toily Kurbanov ဦးဆောင်သောအဖွဲ့မှ လာရောက် တွေ့ဆုံခဲ့ပါသည်။

      ထိုသို့ တွေံဆုံရာ၌ ၂၀၁၅ ခုနှစ်၊ ရေဘေးကိစ္စတွင် UNDP မှ အပြည့်အ၀ ကူညီသည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံ သဘာဝဘေး အန္တရာယ် လျော့ပါးရေး စီမံချက် ပူးပေါင်း ဆောင်ရွှက်ခြင်းကိစ္စ၊ ဝန်ကြီးဌာနမှ ဝန်ထမ်းများ စွမ်းရည်မြင့်မားရေးအတွှက် သင်တန်းများ ပေးခြင်းကိစ္စ၊ အင်္ဂလိပ်စာသင်တန်းများ ပေးခြင်းကိစ္စများ၊ သဘာဝဘေး လျော့ပါးရေး စေတနာ့ ဝန်ထမ်း လူငယ်သင်တန်းများတွင် ပံ့ပိုးကူညီခြင်းကိစ္စနှင့် အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာန အဆင့်မြှင့် တင်နိုင်ရေးအတွက် ကိစ္စရပ်များကို ရင်းနှီးပွှင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။

      အလားတူ ညနေ (၁၄း၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒေ‌ရးရှင်းမှ Regional Director  ဖြစ်သူ  Mr. Xaiver Castellanos ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံ ခဲ့ပါသည်။

      ထိုသို့ တွေ့ဆုံရာ၌ လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများနှင့် သဘာဝဘေးဆိုင်ရာ ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်း ကိစ္စများ၊ ၂၀၁၅ ခုနှစ်၊ ရေဘေးတွှင်  ICRC မှ ကူညီဆောင်ရွက်ပေးမှု ကိစ္စများနှင့် ကယ်ဆယ်ရေးစခန်းများတွင် သဘာဝဘေးကြောင့်  ပျက်စီး ယိုယွင်းနေမှုများအား ကူညီပံ့ပိုးပေးခြင်း ကိစ္စရပ်များ၊ အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာနတွင်လည်း ကူညီပံ့ပိုးပေးရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter