လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား နိုင်ငံတကာအဖွဲ့အစည်း၊ ပြည်တွင်းအဖွဲ့အစည်းများမှ လာရောက်တွေ့ဆုံခြင်း

နေပြည်တော်၊ မေ(၉) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမတွင် မေလ ၉ရက်နေ့‌ နေ့လည်(၁၃း၀၀)နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ပက်-မြန်မာ အဖွဲ့အစည်းမှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ Mr.Richard Harrison ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ပတ်-မြန်မာအဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်ရာတွင် အောင်မြင်မှုများစွာ ရရှိခဲ့ပါသည်။

      သဘာဝဘေးအန္တရာယ်တုန့်ပြန်ရေးကိစ္စများတွင် ကူညီဆောင်ရွက်ပေးသည့်ကိစ္စများ၊ ရေကောင်း၊ ရေသန့် ရရှိရေးကိစ္စနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ ရပ်ရွာအ‌ခြေပြု ဆောင်ရွက်နေသည့် (၃၅) မြို့နယ်တွင် တိုးတက်ရရှိမှု ကိစ္စရပ်များ၊ ထပ်မံတိုးချဲ့သည့် တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ်(၂)မြို့နယ်တွင် တိုးချဲ့သည့်ကိစ္စရပ်များ၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူး‌ပေါင်းဆောင်ရွက်ခဲ့ခြင်း ကိစ္စရပ်များ၊ ပက်-မြန်မာအဖွဲ့အစည်းမှ နေပြည်တော်တွင် ရုံးခွဲဖွင့်လှစ်ခြင်း ကိစ္စရပ်များနှင့် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

      အလားတူ ‌နေ့လည် ( ၁၄း၀၀ ) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား ရွှေမင်းသား ဖောင်ဒေးရှင်းမှ ဥက္ကဌဖြစ်သူ ဦးမြတ်သူဝင်း ဦးဆောင်သောအဖွဲ့မှလာရောက်တွေ့ဆုံခဲ့ပါသည်။

      ထိုသို့ တွေ့ဆုံရာ၌  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရွှေမင်းသားဖောင်ဒေးရှင်းတို့ ပူးပေါင်း ဆောင်ရွက်ခဲ့သည့် မသန်စွမ်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရွှေမင်းသားဖောင်ဒေးရှင်း ရုံးခွဲများ ဖွင့်လှစ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မသန်စွမ်းများအတွက် ပညာသင်ကြားရေး၊ အလုပ်အကိုင် ရရှိရေးဆိုင်ရာ ကိစ္စများ၊ မသန်စွမ်းများ အလုပ်ခွင်တည်မြဲရေးအတွက် ဆောင်ရွက်နေသည့် Job push programme ကိစ္စရပ်များ၊ ထ့ိုအပြင် မသန်စွမ်းများအား အောက်ခြေတွင် ခွဲခြားဆက်ဆံမှုကို တိုက်ဖျက်သည့်အနေဖြင့် အသိပညာပေးရေး လုပ်ငန်းများလုပ်ဆောင်နေသည့် ကိစ္စရပ်များ၊ မသန်စွမ်းဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းလမ်းများရှာဖွေ၍   ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter