လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား ဂျပန်နိုင်ငံ မြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် သံအမတ်ကြီးများမှ လာရောက်တွေ့ဆုံခြင်း

နေပြည်တော်၊ မေလ (၂၅) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမတွင် မေလ ၂၅ ရက်နေ့၊ နေ့လည် (၁၃း၀၀) နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ် H.E Mr.Paul R. Seger ဦးဆောင်သောအဖွဲ့မှ လာရောက် တွေ့ဆုံခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာ၌ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ခဲ့သည့် လူသားချင်းစာနာ ထောက်ထားခြင်းဆိုင်ရာ အကူအညီပေးအပ်ခဲ့သည်‌့ ကိစ္စရပ်များ၊ အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက တုန့်ပြန်ဆောင်ရွက်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ သဘာဝဘေး အန္တရာယ်ဖြစ်ပွား လာပါက Focal ဆောင်ရွက်မည့်ပုဂ္ဂိုလ် ထားရှိပေးရေးကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ် အရေးပေါ်စီမံခန့်ခွဲမှု ဗဟိုဌာန (EOC)သို့ ပံ့ပိုးကူညီရန်ကိစ္စရပ်များ၊ အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာ ရွှေ့ပြောင်းသူများ ကိစ္စရပ်များနှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ ရွှေ့ပြောင်းနေထိုင်သူများ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။

      အလားတူ နေ့လည် (၁၄း၀၀) နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီးအား ဂျပန်နိုင်ငံ Ministry of Land, Infrastructure, Transport and Tourism (MLIT) မှ Attached to the Minister’s Secretariat Senior Advisor to Director-General, Water and Disaster Management Bureau ဖြစ်သူ H.E Dr. Koji IKEUCHIနှင့်အဖွဲ့မှ လာရောက် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ မြန်မာ-ဂျပန်နှစ်နိုင်ငံ ကြုံတွေ့လျက်ရှိသည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များ၊ သဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စများ၊ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံမြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန (Ministry of Land, Infrastructure, Transport and Tourism of Japan MLIT) အကြားရေး ဆွဲထားသည့် ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာကိစ္စရပ်များ၊ ရက် (၁၀၀) စီမံချက်အတွင်း ဆောင်ရွက်မည့် ကိစ္စရပ်များ၊ ချင်းပြည်နယ်ရှိ သဘာဝမြေပြိုဆည်အား ဘေးအန္တရာယ် လျော့ချရေးအတွက် နည်းပညာများ ပံ့ပိုးကူညီပေးရေး ကိစ္စရပ်များ၊ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့် သင်တန်းများ ပံ့ပိုးကူညီပေးရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

       ဆက်လက်၍ ညနေ (၁၅း၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ် H.E. Mr. Andrew Patrick ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများ၊ လူမှုကာကွယ် စောင့်ရှောက်ရေးနှင့်စပ်လျဉ်း၍ ရက်(၁၀၀)စီမံချက်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ အာဟာရဆိုင်ရာ ပံ့ပိုးမှုလုပ်ငန်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter