လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား ကမ္ဘောဇဘဏ်လီမိတက်မှ လာရောက်တွေ့ဆုံခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးကို ကမ္ဘောဇဘဏ်လီမိတက်မှ တာဝန်ရှိသူများက ၂၀၁၆ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့ နံနက်(၁၀း၃၀)နာရီတွင် ဝန်ကြီး၏အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာ၌ ကမ္ဘောဇဘဏ်လီမိတက်က ဝန်ကြီးဌာနအရာထမ်း၊ အမှုထမ်းများအတွက် လစာငွေကို အလိုအလျောက် ငွေထုတ်ကဒ်(ATM Card)ဖြင့် ဆောင်ရွက်ပေးနိုင်မည့် အခြေအ‌နေများ၊ ရန်ပုံငွေတိုးပွားရေးဆိုင်ရာ စုဆောင်းထားရှိနိုင်မှုစနစ်များ၊တိုင်းဒေသကြီး/ပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့များသို့ ထောက်ပံ့ပေးနေမှု အခြေအနေများ၊ ထပ်မံထောက်ပံ့ဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို ဆွေးနွေးတင်ပြပါသည်။

      ပြည်ထောင်စုဝန်ကြီးက လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးနေမှုများအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ထမ်းများ၏ လစာငွေထုတ်ပေးမှုကို နိုင်ငံတကာအဆင့်မီ နည်းစနစ်များဖြင့် ဆောင်ရွက်ပေးရန် ကမ်းလှမ်းလာမှု အတွက်လည်း ဝမ်းမြောက်မိပါကြောင်း၊ ရန်ပုံငွေတိုးပွားရေးကိစ္စများကိုလည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း ကမ္ဘောဇဘဏ်အနေဖြင်‌့ ပူးပေါင်းပါဝင်ကူညီနိုင်သည့် လုပ်ငန်းကိစ္စများရှိပါက ပူးပေါင်းပါဝင် ဆောင်ရွက်ရန် ဖိတ်ခေါ်ပါကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter