Holding Madrid International Plan of Action on Ageing (MIPAA) Review Meeting at Nay Pyi Taw on 25th Nov, 2016

နေပြည်တော်၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ (၂၉) -

      ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ(၂၅)ရက်နေ့တွင် လူမှုဝန်ထမ်း ဦးစီးဌာန(ရုံးချုပ်) နေပြည်တော်၌ မက်ဒရစ် နိုင်ငံတကာ သက်ကြီးရွယ်အိုဆိုင်ရာ လုပ်ငန်းစီမံကိန်း Madrid International Plan of Action on Ageing (MIPAA) အား ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့် ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပါသည်။

      အဆိုပါ အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

      ဆက်လက်၍ အပြည်ပြည် ဆိုင်ရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့(မြန်မာ) Help Age International (Myanmar) (HAI)မှ Country Director Mr. Godfred Paul မှ (MIPAA) ပြန်လည်သုံးသပ်ခြင်းအပေါ် သုံးသပ်ဆွေးနွေးခြင်း၊ Ms. Vanessa Steinmayer, Officer-in-charge a.i, Social Development Division, United Nations ESCAP မှ (MIPAA)ပါ အာရှ-ပစိဖိတ်ဒေသဆိုင်ရာလုပ်ငန်းစဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပေါ် သုံးသပ်တင်ပြကြပါသည်။

      Madrid International Plan of Action on Ageing (MIPAA)သည် သက်ကြီးရွယ်အိုများနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ Policy Declaration ဖြစ်ပြီး ၂၀၀၂ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ကြိုတင်ရေးဆွဲထားသော လုပ်ငန်းအစီအစဉ်ဖြစ်၍ (၅)နှစ်တစ်ကြိမ် ပြန်လည်သုံးသပ် တင်ပြရမည်ဖြစ်ပါသည်။

     မြန်မာနိုင်ငံသည် Madrid International Plan of Action on Ageing (MIPAA) လုပ်ငန်းစီမံကိန်းကို သဘောတူလက်ခံခဲ့တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်‌သောကြောင့် UNESCAP မှ ပေးပို့လာသည့် အဆိုပါ လုပ်ငန်းစီမံကိန်းကို ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ မေးခွန်းများဖြစ်သော အမျိုးသားအဆင့် မူဝါဒနှင့် MIPAA အကောင်အထည်ဖော်မှု အခြေအနေ၊ သက်ကြီးရွယ်အိုများနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ ကျန်းမာရေးနှင့် သက်ကြီးရွယ်အိုများ၏ လူမှုဘဝမြင့်မားရေး၊ အထောက်အပံ့ပေးသော ပတ်ဝန်းကျင်ရရှိရေး စသည့် မေးခွန်းများအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ဖြစ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အသီးသီးတို့မှ မိမိတို့ ကဏ္ဍအလိုက် မြန်မာ့သက်ကြီးရွယ်အို များအတွက် (၂၀၁၂-၂၀၁၆) (၅)နှစ်တာ ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများကို စုစည်း၍ ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့ အရောက် UNESCAP သို့ ပြန်လည်ပေးပို့ရမည် ဖြစ်ပါသည်။

FacebookTwitter