လူမှုရေးပင်စင် ထောက်ပံ့မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကရင်ပြည်နယ်၊ မေ(၂၂)

ကရင်ပြည်နယ်၊ အမှတ်(၂)ဘားအံမူလတန်းကြိုကျောင်းခန်းမတွင် ကျင်းပပြုလုပ်သော လူမှုရေးပင်စင် ထောက်ပံ့မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအားကျင်းပရာ ကရင်ပြည်နယ်လူမှုဝန်ထမ်းရုံး၊  ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးခေါ်ယူရခြင်း၏ ရည်ရွယ်ချက်များနှင့် ဆက်လက်လုပ်ဆောင်သွားမည့် အချက် များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ အသက်(၉၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကဒ်ပြား (သို့) အိမ်ထောင်စုလူဦးရေစာရင်း၊ ပုံစံ ၆၆ (ဃ) လုံးဝမရှိသော  ဘိုး/ဘွားများအတွက် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ် များအား ရှင်းလင်းပြောကြားခဲ့ပြီး လူမှုရေးပင်စင်စား တစ်ဦးချင်းစီအတွက် အသုံးပြုမည့် ငွေပေး/ ငွေရပြေစာများ အကြောင်းအား ရှင်းလင်းတင်ပြခဲ့ရာ သိရှိလိုသော အကြောင်းအရာများအား ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။

FacebookTwitter