မွန်ပြည်နယ်အတွင်းလူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်ရှင်းလင်းပွဲ ကျင်းပဆောင်ရွက်

မွန်ပြည်နယ်၊ မေ(၂၂)   

      မွန်ပြည်နယ်အတွင်း မြို့နယ်(၁၀) မြို့နယ်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်ရှင်းလင်းပွဲအား (၂၂.၅.၂၀၁၇) ရက်နေ့တွင် မော်လမြိုင်မြို့ ၊ ရွှေတောင်ရပ် ၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်၊ လုပ်ငန်းစဉ် ရှင်းလင်းပွဲတွင် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးး ဦးကိုကိုနိုင် မှ အဖွင့်အမှာစကား ပြောကြားပြီး
ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါအေးမြမိုး နှင့် ဝန်ထမ်း(၁) ဦးမှ လူမှုရေးပင်စင်ထောက်ပံ့ပေးရာတွင် လိုအပ်သော အထောက်အထားများ ၊ ပြေစာများ ၊ ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးးများအားလမ်းညွှန်မှာကြားရမည့်အချက်များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသော မြို့နယ်ကိုယ်စားလှယ်များမှ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ဆွေေးနွးပွဲသို့ အင်အား (၃၉) ဦး တက်ရောက်ခဲ့ကြပါသည်။

FacebookTwitter