ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးရေး အစီအစဉ် စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် အကဲဖြတ် ဆန်းစစ် ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း

နေပြည်တော်၊ ၃၀.၅.၂၀၁၇

  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ချင်းပြည်နယ် တွင် ဆောင်ရွက်လျက်ရှိသော ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးရေး အစီအစဉ် စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် အကဲဖြတ် ဆန်းစစ် ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား Grand Amara Hotel၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။  

 ဤအလုပ်ရုံဆွေးနွေးပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာမင်းယျာဦးမှ အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ Nina Blondal, Monitoring and Education Specialist, LIFT Consultant မှဆက်လက်၍ workshop တွင် ပြုလုပ်ရမည့် အစီအစဉ်များ ကို ရှင်လင်းဆွေးနွေးပေးခဲ့ပြီး တက်ရောက်လာသူပေါင်း (၂၈)ဦးရှိကြောင်း သတင်းရရှိပါသည်။

FacebookTwitter