သက်ငယ်မုဒိမ်းကိစ္စအထူးအစည်းအဝေးကျင်းပြုလုပ်ခြင်း

မကွေးတိုင်းဒေသကြီး၊ ၆.၆.၂၀၁၇

          မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် UNICEF တို့ ပူးပေါင်း၍ မကွေးတိုင်းဒေသကြီး အတွင်း သက်ငယ်မုဒိမ်းဖြစ်ပွားမှု ကြိုတင် ကာကွယ်ရေးနှင့် နောက်ဆက်တွဲ စောင့်ရှောက်မှုများ ပြုလုပ်နိုင်ရေး အတွက် သက်ငယ်မုဒိမ်း ကိစ္စအထူးအစည်းအဝေးကို မကွေးမြို့၊ နန်းထိုက်သူ ဟိုတယ်၌ (၆.၆.၂၀၁၇)ရက်နေ့ နံနက်(၉:၀၀)နာရီတွင် စတင်ခဲ့ရာ နေ့လည်(၁၂:၀၆)နာရီတွင် ပြီးမြောက်ခဲ့ပါသည်။

  အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးမှ အဖွင့်အမှာစကား ပြေကြားပြီး မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူးမှ  တိုင်းဒေသကြီး အတွင်းဖြစ်ပွားခဲ့သော သက်ငယ်မုဒိမ်းမှုများနှင့်ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာန၏ ဆောင်ရွက်ချက်များ ၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးမှ တိုင်းဒေသကြီးအတွင်း သက်ငယ်မုဒိမ်းဖြစ်ပွားမှု အခြေအနေများ၊ အရေးယူ ဆောင်ရွက်မှု အခြေအနေများ ၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းအခြေအနေများ ၊ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူးမှ သက်ငယ်မုဒိမ်းမှုများနှင့် ပတ်သက်၍ တရားရုံးများ၏ ဆောင်ရွက်မှုအခြေအနေများ၊ တိုင်းဒေသကြီး ဥပဒေအရာရှိမှ တိုင်းဒေသကြီးအတွင်း ဖြစ်ပွါးခဲ့သော သက်ငယ်မုဒိမ်းမှုများနှင့် ပတ်သက်၍ ဥပဒေရုံးများ၏ ဆောင်ရွက်ချက်များ၊ UNICEF မှ သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်၍ ပံ့ပိုးဆောင်ရွက်မှုလုပ်ငန်းများကို Power Point များဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

    ဆက်လက်ပြီး တက်ရောက်လာကြသူများမှ ပြန်လည်ဆွေးနွေးခြင်း၊ မေးမြန်းခြင်း ၊ ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ခြင်း၊ အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အထွထွေဆွေးနွေးပြီး လူမှုရေးဝန်ကြီးမှ နိဂုံးချုပ် အမှာစကားပြောကြားကာ  အခမ်းအနားကို (၁၂:၀၆)နာရီတွင် ရုပ်သိမ်းခဲ့ ပါသည်။

သက်ငယ်မုဒိမ်းကိစ္စအထူးအစည်းအဝေးကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ ဆက်စပ်ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများ၊  INGOs,NGOs များနှင့် စုစုပေါင်း အင်အား(၇၇) ဦး တက်ရောက်ခဲ့ပါသည်။

FacebookTwitter