"ဥပဒေ ပြုရေးနှင့် မူဝါဒရေးဆွဲရေး လုပ်ငန်းစဉ်တွင် ဒေသခံ အမျိုးသမီးများ၏ အသံများကို ထည့်သွင်းစဉ်းစားစေရန် စကားဝိုင်းဆွေးနွေးပွဲ" ကျင်းပ

နေပြည်တော်၊ ၁၅.၆.၂၀၁၇

       ၁၅.၆.၂၀၁၇ ရက်နေ့ နံနက်ပိုင်းတွင် သင်္ဂဟဟိုတယ်၌ RainFall Gender Study Organization နှင့် လူမှုဝန်ထမ်းဦးစီးဌာန တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် "ဥပဒေ ပြုရေးနှင့် မူဝါဒရေးဆွဲရေး လုပ်ငန်းစဉ်တွင် ဒေသခံ အမျိုးသမီးများ၏ အသံများကို ထည့်သွင်းစဉ်းစားစေရန် စကားဝိုင်းဆွေးနွေးပွဲ" တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီး တို့က အမျိုးသမီးများ ရိုက်ကူးထားသော အမျိုးသမီးအခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသမီး အကြမ်းဖက်မှုများနှင့် စပ်လျဉ်းသည့် မှတ်တမ်းဗွီဒီယိုများကို တင်ပြကြည့်ရှုပြီး လိုအပ်သည့် မူဝါဒများ၊ လမ်းညွှန်မှုများ ပြုလုပ်ရန် ရည်ရွယ်ပြီး ကျင်းပသော ညှိနှိုင်းဆွေးနွေးပွဲဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး ဥပဒေကို ရေးဆွဲထားရှိရာမှာ လွှတ်တော်မှ အတည်ပြုချက်ရရှိပါက ဥပဒေပြဌာန်းနိုင်းရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် RainFall Gender Study Organization Director ဒေါ်ရွှန်းလဲ့မှလည်း အဖွဲ့၏ ရည်ရွယ်ချက်များကို တင်ပြဆွေးနွေးပြီး အစည်းအဝေးတက်ရောက်လာသူများနှင့် စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။

FacebookTwitter