လူမှုဝန်ထမ်းဦးစီးဌာနနှင့် Dan Church Aid Myanmar(DCA) တို့ တွေ့ဆုံဆွေးနွေးခြင်း

နေပြည်တော်၊ ၁၅.၆.၂၀၁၇ 

             (၁၅.၆.၂၀၁၇) ရက်နေ့၊ နံနက်(၁၁း၀၀) နာရီအချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးသည် Dan Church Aid Myanmar (DCA) အဖွဲ့မှ Country Director ဖြစ်သူ Mr. Andreas Kiaby နှင့် တွေ့ဆုံ၍ ရှမ်းပြည်နယ်ရှိ (၁၄)မြို့နယ်၌ မြေမြှုပ်မိုင်းများနှင့် စစ်ကျန်ပေါက်ကွဲပစ္စည်းများ၏ ခြိမ်းခြောက်မှု အန္တရာယ် လျှော့ချရေးစီမံချက်နှင့် မြန်မာနိုင်ငံအတွင်းရှိ ရပ်ရွာလူထုနှင့် လူထုအခြေပြု အဖွဲ့အစည်း များအကြား နိုင်ငံသားအခွင့်အရေးနှင့် စားနပ်ရိက္ခာဖူလုံရေးလုပ်ငန်းဆောင်ရွက်မှုများ အသိ ပညာပေးလုပ်ငန်းများ ပိုမိုတိုးတက်စေရေးစီမံချက်အား ထပ်မံတိုးချဲ့ပူးပေါင်းဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွာ ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter