လူမှုရေးပင်စင်ထောက်ပံ့ခြင်း

 ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့၊ ၁၅.၆.၂၀၁၇

၂၀၁၇ခုနှစ်ဇွန်လ၁၅ရက်နေ့နံနက်ပိုင်းမှစတင်၍လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်ဖြစ်သည့်အသက် ၉၀ နှစ်အထက်အဘိုးအဖွားများကို လူမူရေးပင်စင်ပေးအပ်ခြင်းကိုဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဗမာတိုင်းရင်းသားရေးရာဝန်ကြီးဒေါက်တာအောင်သန်းမောင်နှင့် ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဦးထွန်းဦး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင် နှင့် တာဝန်ရှိသူများမှ အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

        ၂၀၁၇ခုနှစ်ဇွန်လ၁၅ရက်နေ့နေလည်(၁၁း၃၀)နာရီတွင် ်စတင်၍ လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်ဖြစ်သည့် အသက် ၉၀ နှစ်အထက် အဘိုး အဖွား များကိုလူမူရေးပင်စင် ပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့ရာ လင်းခေး မြို့နယ် အုပ်ချုပ်ရေးမှူး   ဦးအောင်သူ၊ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ တာဝန်ကျဝန်ထမ်း နှင့် တာဝန်ရှိသူများမှအိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

FacebookTwitter