ကျား / မ အခြေပြု အကြမ်းဖက်ခြင်း ဆန်းစစ်မှု အစီရင်ခံစာတင်ပြခြင်းနှင့် ဆွေးနွေးညှိနှိုင်း အစည်းအဝေး ကျင်းပခြင်း

မွန်ပြည်နယ်၊ ၁၆.၆.၂၀၁၇ 

           (၁၆.၆.၂၀၁၇) ရက်နေ့ မော်လမြိုင်မြို့ ၊ ရွှေမြင့်မိုရ်ထွန်းဟိုတယ် တွင် မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန နှင့် UNFPA , FXB တို့ ပူးပေါင်းပြီး ကျား / မ အခြေပြု အကြမ်းဖက်ခြင်း ဆန်းစစ်မှု အစီရင်ခံစာ တင်ပြခြင်း နှင့် ဆွေးနွေးညှိနှိုင်း အစည်းအဝေး ကျင်းပပြုုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းမှ အဖွင့်အမှာစကား ပြောကြားပြီး ၊ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဦးကိုကိုနိုင် မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပါသည်။ ထို့နောက် UNFPA မှ Programe Analyst ဒေါက်တာ စုမွန်လတ် မှ အစီရင်ခံစာအား ဖတ်ကြားရှင်းလင်းပါသည်။ ထို့နောက် မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးပြီး အစီရင်ခံစာအရ UNFPA ၏ အကြံပြုချက်အပေါ် အုပ်စုလိုက်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ နေ့လည်ပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာန ( ရုံးချုပ် ) အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ ညွှန်ကြားရေးမှူးး ဒေါ နော်သဝါးမှ NSPAW အကြောင်း ၊ UNFPA မှ Ms.Janneke Bienert  က Women and Girls First Initiative အကြောင်း ရှင်းလင်းပြောကြားခဲ့ုပုါသည်။ ထို့နောက် တက်ရောက်လာကြသူများမှ အုပ်စုလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ ( ၄း၃၀) နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။ အစည်းအဝေးသို့ မွန်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ၊ UN, INGOs , NGos အဖွဲ့အစည်းများ ၊ လူမှုရေးအသင်းအဖွဲ့များ ၊ မော်လမြိုင်မြို့ပေါ် ရှိ ရပ်ကွက်အုပ်ချုုပရေးမှူး များ စုစုပေါင်း အင်အား ( ၆၅ ) ဦးခန့် တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

FacebookTwitter