လူမှုရေးပင်စင်ပေးအပ်ပွဲများကျင်းပခြင်း

ကျိုင်းတုံ၊ ၁၆.၆.၂၀၁၇

      ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်(၉)မြို့နယ်တွင် (၁၅.၆.၂၀၁၇)ရက်နေ့ ၌ အသက်(၉၀) နှစ်အထက် အဘိုး/အဘွားများအား လူမှုရေးပင်စင်ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုင်းတုံလူမှုဝန်ထမ်းရုံးလက်အောက်ရှိ ဌာနငယ်၊ သင်တန်းကျောင်း၊ မူကြိုကျောင်းတာဝန်ခံများက လူမှုရေးပင်စင်ပေးအပ်ရခြင်း အကြောင်းများရှင်းလင်းပြောကြားကာ လူမှုရေးပင်စင်ထောက်ပံ့ငွေများအား ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ပါသည်။

FacebookTwitter