သက်မွေးဝမ်းကျောင်း ပညာသင်တန်းအတွက် အခြေခံ ဆံသသင်တန်း ( ၁ /၂၀၁၇ ) သင်တန်းဖွင့်ပွဲ

မွန်ပြည်နယ်၊ ၁၇.၆.၂၀၁၇

 (၁၇.၆.၂၀၁၇) ရက်နေ့ နံနက်(၁၀း၀၀) နာရီတွင်  မော်လမြိုင် လူငယ်သင်တန်းကျောင်းရှိ ကျောင်းသား(၂၀) ဦးအား လူမှုဝန်ထမ်းဦးစီးဌာန ၏ ဘတ်ဂျတ်ရန်ပုံငွေဖြင့် သက်မွေးဝမ်းကျောင်း ပညာသင်တန်းအတွက် အခြေခံ ဆံသသင်တန်း ( ၁ /၂၀၁၇ ) သင်တန်းဖွင့်ပွဲ အခမ်းအနား ၁ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဦးကိုကိုနိုင် မှ အဖွင့်အမှာစကား ပြောကြားပြီး ၊ ဆံသနည်းပြဆရာ မှ သင်တန်းပို့ချသွားမည့် အစီအစဉ်များအား ရှင်းလင်းပြောကြား ပြီး သင်တန်းဖွင့်ပွဲကို နံနက် ( ၁၀း၃၀) နာရီခန့်တွင် ရုပ်သိမ်းလိုက်ပါသည်။ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပြည်နယ်လူမှုဝန်ထမ်းရုံး မှ ညွှန်ကြားရေးမှူး နှင့် တကွ ဌာနငယ် / ကျောင်း များ မှ တာဝန်ခံ ကျောင်းအုပ်များ ၊ မြန်မာ့သိုင်းအခြေခံ (ဗန်တို) နည်းပြဆရာ နှင့် လူငယ်သင်တန်းကျောင်းမှ ကျောင်းအုပ် ၊ ဒု ကျောင်းအုပ် နှင့် ဝန်ထမ်းများ ၊ ကျောင်းသားမာျး စုစုပေါင်း အင်အား ( ၁၁၀ ) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

FacebookTwitter