ကချင်ပြည်နယ်တွင် ဆံပင်ညှပ်ဖြောင့်ကောက်နှင့်ဆံထုံးမိတ်ကပ်အလှပြင်သင်တန်းဆင်းပွဲကျင်းပခြင်း၊

ကချင်ပြည်နယ်၊ ၂၁.၆.၂၀၁၇
             နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ထောက်ပံ့မှုဖြင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်း ကျင်းပသော ဆံပင်ညှပ်ဖြောင့်ကောက်နှင့်ဆံထုံးမိတ်ကပ်အလှပြင်သင်တန်းဆင်းပွဲကို ၁၆.၆.၂၀၁၇ ရက်နေ့တွင် ဝိုင်းမော်မြို့မိုင်းနား RC Camp ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုရေးဝန်ကြီး Dr.သင်းလွင်က အဖွင့်အမှာစကားပြောကြားပါသည်။ သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး Dr.ဂျေကော့ဘူ က ဆုရသင်တန်းသူများကို ဆုချီးမြှင့်ပြီး ပြည်နယ်လွှတ်တော်ဥက္ကဌ၏ဇနီးက သင်ထောက်ကူပစ္စည်းများကို ပေးအပ်ကာ ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးကသင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ပါသည်။

FacebookTwitter