ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အသက်(၉၀)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ကြေးငွေပေးအပ်ခြင်း

 ရန်ကုန်တိုင်းဒေသကြီး၊ ၂၁.၆.၂၀၁၇
  ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ် ဧပြီ၊မေ၊ဇွန်လများအတွက် အသက် (၉၀)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ကြေးငွေပေးအပ်ခြင်း အခမ်းအနားအား (၁၅.၆.၂၀၁၇)ရက်နေ့တွင် ဗဟန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဦးမျိုးဆက်အောင် မှအဖွင့်အမှာ စကားပြောကြားပြီး ဗဟန်းမြို့နယ်အတွင်းရှိ အသက်(၉၀)နှစ်နှင့်အထက် ဘိုးဘွား (၁၂၅)ဦးအတွက် ထောက်ပံ့ကြေးများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ထို့နောက် ဗဟန်းမြို့နယ်ရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာသို့ ညွှန်ကြားရေးမှူး ဦးမျိုးဆက်အောင်နှင့် အဖွဲ့မှ သွားရောက်၍ ဘိုးဘွား(၂၄)ဦးတို့ အား ထောက်ပံ့ကြေးငွေပေးအပ် ခဲ့ပါသည်။

(၁၆.၆.၂၀၁၇)ရက်နေ့ တွင် တာမွေမြို့နယ်ရှိ အသက်(၉၄)နှစ် အဘွားဒေါ်နှင်းရင်၊ စမ်းချောင်းမြို့နယ်ရှိ အသက်(၉၇)နှစ် အဘိုးဦး ကျော်စိန်၊ ကမာရွတ်မြို့နယ်ရှိ အသက်(၉၃)နှစ် အဘွားဒေါ်ခင်စန်းလွင်တို့အား ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဦးမျိုးဆက်အောင်နှင့်အဖွဲ့သည် အိမ်တိုင်ရာရောက် လူမှုရေးပင်စင် ထောက်ပံ့ကြေးများသွား ရောက်ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့်အတူ ဗဟန်းမြို့နယ်နေ အသက်(၉၁)နှစ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နယက အဘိုးဦးတင်ဦးအား ထောက်ပံ့ကြေး ငွေသွားရောက်ပေးအပ်ခဲ့ပါသည်။

          ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်(၄၅)မြို့နယ်တွင် အသက်(၉၀)နှစ်နှင့် အထက် ဘိုးဘွား(၄၂၂၈)ဦးရှိပါ၍ အရှေ့ပိုင်း ခရိုင်ရှိ ဘိုးဘွား(၁၅၇၃)ဦး၊ အနောက်ပိုင်းခရိုင်ရှိ ဘိုးဘွား (၈၈၁)ဦး၊ တောင်ပိုင်းခရိုင်ရှိ ဘိုးဘွား(၈၂၁)ဦးနှင့် မြောက်ပိုင်းခရိုင်ရှိ ဘိုးဘွား(၉၅၃)ဦးတို့ အားပထမ(၃)လပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ကြေးငွေ စုစုပေါင်း (၁၂၆၈၄၀၀၀ဝိ/-)အား ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။

   

FacebookTwitter