အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှူနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးခြင်း

နေပြည်တော်၊ ၂၂.၆.၂၀၁၇

       ၂၀၁၇ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှူနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအကြောင်းအသိ ပညာပေးဆွေးနွေးပွဲကို(၂၀.၆.၂၀၁၇)ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် ပျဉ်းမနားမြို့၊  ရွာကောက်ရပ်ကွက် ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်တိုင်း လူမူဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးနှင့်လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ဦး ဦးဆောင်သောအဖွဲ့သည် ရပ်ကွက်နေပြည်သူ(၇၁)ဦးတို့အား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

FacebookTwitter