စေတနာလူမှုဝန်ထမ်း လူငယ်များ(Social Youth Volunteer)အား စွမ်းဆောင်ရည်မြှင့်သင်တန်းဖွင့်လှစ်ခြင်း

မန္တလေးတိုင်းဒေသကြီး၊ ၂၂.၆.၂၀၁၇
          မန္တလေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော လမ်းပေါ်နေကလေးများ လျော့နည်းပပျောက်ရေး  စီမံချက်ပါ လုပ်ငန်းရပ်များအနက် ကာကွယ် စောင့်ရှောက်ခြင်း လုပ်ငန်းအား ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များတွင် ကွင်းဆင်းဆောင်ရွက်မည့် ဝန်ထမ်းများနှင့် ရပ်ရွာအတွင်းမှ စေတနာ့ဝန်ထမ်းများ၊ စေတနာလူမှုဝန်ထမ်း လူငယ်များ(Social Youth Volunteer)အား စွမ်းဆောင်ရည်မြှင့်သင်တန်းအဖြစ် (၁၉.၆.၂၀၁၇) မှ (၂၄.၆.၂၀၁၇) ထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။
    လမ်းပေါ်နေကလေးအများစု နေထိုင်ရာနေရာများတွင် ကွင်းဆင်း ဆောင်ရွက်ရာ၌ လိုအပ်သည့်ကျွမ်းကျင်မှုများ ရရှိစေရန် အဆိုပါ သင်တန်းတွင် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်၊ ကလေးသူငယ်အခွင့်အရေးများ၊ လမ်းပေါ်နေကလေးများ၏ သဘော သဘာဝများ၊ လမ်းပေါ်နေထိုင်ခြင်း၏ ဆိုးကျိုးများ၊ မိဘအသိပညာပေးခြင်း၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာများ၊ မိသားစုခြေရာခံခြင်းနှင့် ပြန်လည်ပေါင်းစည်းခြင်း၊ ကွင်းဆင်းဆောင်ရွက် ခြင်း၊  ဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်နှင့် လူမှုဝန်ထမ်းသမားများ လိုက်နာစောင့်ထိန်း ရမည့် အခြေခံကျင့်ဝတ်များ၊ လွှဲပြောင်းညွှန်းပို့ရမည့်  စနစ်များ၊ ဝန်ဆောင်မှုများရရှိနိုင်မည့် အခြေခံ သတင်းအချက်အလက်များနှင့် ပတ်သက်၍ ဆွေးနွေး ပို့ချသွားမည် ဖြစ်ပါကြောင်းသတင်းရရှိပါသည်။
 

FacebookTwitter