မော်တော်ဆိုင်ကယ်ပြင်သင်တန်းနှင့် မိုဘိုင်းဖုန်းပြင်သင်တန်းဖွင့်လှစ်နိုင်ရေး ယင်းရှန်မော်တော်ဆိုင်ကယ် ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ၂၂.၆.၂၀၁၇ 
     မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး  ဦးစိုင်းကျော်ဇောသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်၊ တက်ဟုမ်း၊ Commerce of Gehong Prefecture အုပ်စုမှ တာဝန်ရှိသူများနှင့်အတူ  မန္တလေးလူငယ်သင်တန်းကျောင်းရှိ ကလေးသူငယ်များအတွက် အသက်မွေး ဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်မည့် အခြေအနေများကို လာရောက်လေ့လာခဲ့ပါသည်။ 
           လေ့လာမှုများအရ မော်တော်ဆိုင်ကယ်ပြင်သင်တန်းနှင့် မိုဘိုင်းဖုန်းပြင် သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် ယင်းရှန်မော်တော်ဆိုင်ကယ်ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
     သင်တန်းကာလ တစ်ခုလျှင် (၃)လကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား (၃၀)ဦးဖြင့် သင်တန်းများအား သြဂုတ်လ ပထမပတ်တွင် စတင်ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ပါသည်။
 

FacebookTwitter