အမျိုးသမီးများအခွင့်အရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့်ဆိုင်သော ဥပဒေအမြင်ဖွင့်သင်တန်းဖွင့်လှစ်ခြင်း

ကရင်ပြည်နယ်၊ ၂၂.၆.၂၀၁၇

             ကရင်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့(IRC) တို့ပူးပေါင်းပြီး အမျိုးသမီး များအပေါ်တွင်နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်ရာတွင် အမျိုးသမီးများ၏ အခွင့်အရေးများ၊ ကာကွယ်စောင့်ရှောက်ရေးနှင့်ဆိုင်သော ဥပဒေအကြောင်းအရာ များအား သိရှိစေရန်ရည်ရွယ်၍ အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ဆောင် နေသော ဌာနဆိုင်ရာများ ၊ NGOs များ၊ အရပ်ဘက်လူမှု့အဖွဲ့အစည်းအသီးသီးမှ စိတ်ပါဝင်စားသူများ စုစုပေါင်း(၃၅)ဦးတို့အား (၂၁.၆.၂၀၁၇)မှ (၂၃.၆.၂၀၁၇)ထိ (၃)ရက်တာသင်တန်းပေးဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသင်တန်းအား Legal Clinic Myanmar အဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်နော်လှလှရီနှင့် ရှေ့နေ ဒေါ်ဂျာဆိုင်းမိုင်တို့မှ အမျိုးသမီးများ၏ အခွင့်အရေးများအကြောင်း၊ အကြမ်းဖက်မှုများဖြစ်လာလျှင် တရားဥပဒေဖြင့် ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်ရှိကြောင်းနှင့် ဥပဒေအကြောင်းအရာများအား ဆွေးနွေး သင်ကြားပေးခဲ့ပါသည်။

FacebookTwitter